အဂတိလိုက်စားမှု သံသယဖြင့် အစ္စရေး ဝန်ကြီးချုပ်ကို ရဲတပ်ဖွဲ့ စစ်ဆေး

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို အဂတိလိုက်စားမှု သံသယနဲ့ အစ္စရေးရဲတွေက ငါးကြိမ်မြောက်အဖြစ် နိုဝင်ဘာ ၉ ရက်နေ့က စစ်မေးခဲ့တယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်ရဲ့ တရားဝင် အိမ်တော်ကို ရဲစုံစမ်းစစ်ဆေးသူတွေ ကားနဲ့ ရောက်လာတာကို တွေ့ရတယ်လို့ မျက်တွေက ပြောကြောင်း ရိုက်တာ သတင်းဌာနမှာ ဖော်ပြပါတယ်။ ဒီစစ်မေးမှုနဲ့ပတ်သက်ပြီး ရဲအရာရှိတွေနဲ့ ဝန်ကြီးချုပ်ရုံး အရာရှိတွေက မှတ်ချက်ပေးဖို့ ငြင်းပါတယ်။ ဒါပေမယ့် အစ္စရေးမီဒီယာကတော့ သတင်းရင်းမြစ်ကို မဖော်ပြဘဲ နောက်တကြိမ် စုံစမ်းစစ်ဆေးခဲ့တာလို့ ဆိုပါတယ်။ လောလောဆယ် နေတန်ယာဟုကို တရားစွဲထားတာ မရှိသေးပါဘူး။ ၂၀၀၉ တည်းက အာဏာရထားတဲ့ နေတန်ယာဟုကတော့ ဘာအမှားမှ လုပ်မထားဘူးလို့ ငြင်းပါတယ်။ သူ့ကို စီးပွားရေးသမားတွေဆီက လက်ဆောင်ယူမှုနဲ့ သံသယ ရှိထားတာပါ။ အမေရိကန်ဒေါ်လာ ၂ ဘီလီယံတန် ရေငုပ်သင်္ဘော အရောင်းအဝယ်ကို ဂျာမနီနိုင်ငံနဲ့ ချုပ်ဆိုမှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုအတွင်း နေတန်ယာဟုရဲ့ လူယုံတော် တယောက်ကို စစ်မေးခဲ့တယ်လို့ ရဲတွေက ဒီသီတင်းပတ် အစောပိုင်းမှာ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up