A d v e r t i s e m e n t With Us

ကစားသမားဘ၀မှအနားယူပြီး နည်းပြလိုင်စင်ရရန် လုပ်မည်ဟု ဇာဗီပြော

ဒီနှစ်ဘောလုံးရာသီအကုန်မှာ ကစားသမားဘ၀နေအနားယူပြီး နည်းပြလိုင်စင်ရဖို့ စတင်လုပ် ဆောင်တော့မယ်လို့ စပိန်နဲ့ဘာစီလိုနာကစားသမားဟောင်း ဇာဗီက ပြောပါတယ်။ အသက် ၃၇ နှစ်ရှိ ဇာဗီဟာ လက်ရှိအချိန်မှာ ကာတာကလပ် အယ်ဆတ်ဒ်အသင်းမှာ ကစားနေတာပါ။ ကွင်းလယ်ကစားသမား ဇာဗီဟာ ၂၀၁၅ ခုနှစ်က ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီးနောကိ အယ်ဆတ်ဒ်အသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုထားပြီး စာချုပ်ကုန်ဆုံးမယ့် ဒီနှစ် အကုန်မှာ အနားယူဖို့ စီစဉ်နေတာပါ။ ဒီအချိန် ဒဏ်ရာ ကြီးကြီးမားမားမရှိတာဟာ ကံကောင်းမှုတခုဖြစ်ပြီး မိမိအနေနဲ့ ကြံ့ခိုင်မှုကောင်းဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားနေရတာဖြစ်လို့ လက်ရှိအချိန်ဟာ အနားယူသင့်တဲ့အချိန်ဖြစ်တယ်လို့ ဇာဗီကဆိုပါတယ်။ ဇာဗီအနေနဲ့ လာမယ့်နှစ်မှာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းပြလိုင်စင်ရဖို့ လုပ်ဆောင်မှာဖြစ်ပြီး နည်းပြဘ၀ကို ပြောင်းလဲဖို့ ရည်မှန်ထားတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up