ပေါ်တူဂီလူငယ်တိုက်စစ်မှူး အမ်ဘာလိုကို မန်ယူခေါ်ရန် သဘောတူညီမှုရ

အမ္ဘာလုိ(ယာ)
2.3K
မန်ယူအသင်းဟာ ဘင်ဖီကာအသင်းက ပေါ်တူဂီ လူငယ်တိုက်စစ်မှူး အမ်ဘာလိုကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားပါတယ်။
အသက် ၁၆ နှစ်ရှိ ဂီနီဖွား အမ်ဘာလိုဟာ ဘင်ဖီကာ ယူ-၁၉ အသင်းမှာ ကစားနေသူဖြစ်ပြီး ပေါ်တူဂီ ယူ-၁၇ အသင်းအတွက် ၁၈ ပွဲမှာ ၁၅ ဂိုးအထိ သွင်းယူထားတာပါ။
အမ်ဘာလိုဟာ တိုက်စစ်မှူးအဖြစ်သာမက ညာတောင်ပံမှာလည်း ကစားနိုင်ပြီး ဥရောပမှာ ထွန်းတောက်လာမယ့် လူငယ်ကြယ်ပွင့်ကစားသမားအဖြစ် သတ်မှတ်ခံထားရတာပါ။
သူ့ရဲ့ကစားပုံနဲ့ပတ်သက်ပြီး မန်ယူကစားသမားဟောင်း ဒီမာရီယာလက်သစ်အဖြစ် ပရိသတ်တွေက ချီးကျူးထားပါတယ်။
အမ်ဘာလိုကို ခေါ်ယူဖို့အတွက် မန်စီးတီးနဲ့ လီဗာပူးတို့ကလည်း ချိတ်ဆက်ခဲ့ပေမယ့် မန်ယူအသင်းက လက်ဦးမှုရယူနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။