မြန်မာပြည်ဝင်ခွင့်​ e-visa စနစ်စတင်

မြန်မာနိုင်ငံကို လာ​ရောက်လည်ပတ်ကြမယ့်​ ကမ္ဘာလှည့်​ခရီး​သည်​တွေ အဆင်​ပြေ​စေဖို့​အတွက် e-visa စနစ်ကို စတင်စမ်း​သပ်​နေပြီး​၊​သမ္မတရဲ့​ ခွင့်​ပြုချက်ရရင် ဒီလထဲ စတင်ထုတ်​ပေး​မှာ ဖြစ်ပါတယ်။ e-visa ​လျှောက်ထား​ရယူလိုသူ​တွေအ​နေနဲ့​ myanmarevisa.gov.mm ဝက်ဘ်ဆိုဒ်ကို ဝင်​ရောက်ပြီး​၊​ ပတ်စပို့​ နံပါတ် စသဖြင့်​ အဆင့်​ ၄ ဆင့်​ပါ အချက်အလက်​တွေကို ဖြည့်​သွင်း​ရမှာ ဖြစ်ပါတယ်။ အဲ့​ဒီလို ဖြည့်​သွင်း​လိုက်တာနဲ့​ ဟိုတယ်/ခရီး​ဝန်ကြီး​ဌာနကို အီး​မေး​လ် ဝင်​ရောက် လာမှာဖြစ်ပြီး​၊​ ကာယကံရှင်ဆီကို အီး​မေး​လ်ရရှိ​ကြောင်း​ အ​ကြောင်း​ ပြန်​ပေး​မှာ ဖြစ်ပါတယ်။ ဌာနဆိုင်ရာ လုပ်ထုံး​လုပ်နည်း​တွေအတိုင်း​ စစ်​ဆေး​ပြီး​ ဗီဇာကို အီး​မေး​လ် က​နေပဲ ပြန်ပို့​ပေး​မှာ ဖြစ်တယ်လို့​ ဟိုတယ်/ခရီး​ဝန်ကြီး​ဌာနက စုံစမ်း​သိရှိရပါတယ်။ အွန်လိုင်း​က​နေ e-visa ​လျှောက်ထား​ရင် ၅ ရက်​လောက်ကြာမှာ ဖြစ်ပြီး​ မြန်မာနိုင်ငံရဲ့​ အင်တာနက် မြန်နှုန်း​နဲ့​ လျှပ်စစ်မီး​ ရရှိမှု အ​ခြေအ​နေ​တွေက ဒီလုပ်ငန်း​စဉ် ​အောင်မြင်မှု ရှိ မရှိ အဆုံအဖြတ် ​ပေး​မှာ ဖြစ်တယ်လို့​ ခရီး​သွား​လုပ်ငန်း​ ရှင်တဦး​က မှတ်ချက်​ပေး​ ​ပြောဆို လိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up