ရုရှားတွင် တိုက်ခန်းတွဲတခုအတွင်း ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်၊ လူ ၂ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ရုရှားနိုင်ငံအလယ်ပိုင်း ဥဒမွတ်တျာခရိုင် မြို့တော် အဇ်ယက်ခ်စ်မှာ တိုက်ခန်းတွဲ အဆောက်အဦအတွင်း နိုဝင်ဘာ ၉ ရက်နေ့က ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၂ ဦး သေဆုံးပြီး အတော်များများ ဒဏ်ရာရခဲ့ပါတယ်။ လူ ၆ ဦးက အပျက်အစီးတွေကြားမှာ ရှိနေဆဲပဲလို့ အရေးပေါ် အခြေအနေဆိုင်ရာ အရာရှိတွေကို ကိုးကားပြီး အင်တာဖက်စ် သတင်းဌာနက အစီရင်ခံပါတယ်။ ပေါက်ကွဲမှုကြောင့် ၃၂ ထပ် အဆောက်အဦ ပျက်စီးခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ပြောပါတယ်။ တိုက်ခန်းတွဲမှာ နေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရပြီး အပျက်အစီးတွေအောက်က လူတွေကို ကူညီဖို့ ကြိုးစားနေပေမယ့် ရုပ်ပိုင်းဆိုင်ရာအရ မလုပ်နိုင်သေးဘူးလို့ တိုက်ပြိုကျအပြီး မိနစ်ပိုင်းအတွင်း အခင်းဖြစ်ရာနေရာကို ရောက်လာကာ ရုပ်သံရိုက်ကူးခဲ့သူ ရုစ်လန် ဟောင်းလတ်က ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီး တိုက်ပြိုကျရတဲ့ ကနဦးအကြောင်းရင်းက ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်တယ်လို့ ရုရှားမီဒီယာတွေက အစီရင်ခံထားပါတယ်။

More News
Up