ကမ္ဘာ့ဖလားခြေစစ်ပွဲ မြောက်အိုင်ယာလန် ၀ – ၁ ဆွဇ်ဇာလန် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဥရောပဇုန်က ရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ ဆွစ်ဇာလန်က မြောက်အိုင်ယာလန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဆွစ်ဇာလန်အတွက် အနိုင်ဂိုးကို ၅၈ မိနစ်မှာ ပယ်နယ်တီကနေ ရော်ဒီဂတ်က သွင်းယူပါတယ်။ မြောက်အိုင်ယာလန်က အိမ်ကွင်းဖြစ်ပေမယ့်လည်း ခြေစွမ်းပိုင်းနဲ့ ကစားကွက်ပိုင်းမှာ အသာစီး မယူနိုင်ခဲ့ပါဘူး။ ဆွစ်ဇာလန်ကပဲ ထိန်းချုပ်ကစားသွားပြီး ထိုးဖောက်ကန်သွင်းခွင့် ၁၆ ကြိမ်အထိ ရခဲ့ပါတယ်။ ဒီပွဲရှုံးလို့ မြောက်အိုင်ယာလန်အသင်းဟာ ၁၉၈၆ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်ရေး မျှော်လင့်ချက် ထိခိုက်သွားရပါတယ်။ နည်းပြ မာတင် အိုနေးလ်ရဲ့ မြောက်အိုင်ယာလန်အသင်းဟာ အုပ်စု စီ မှာ ဂျာမနီအသင်းရဲ့နောက် ဒုတိယပဲ ရခဲ့တာပါ။ ဒီပွဲနိုင်တဲ့ ဆွစ်ဇာလန်က ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး ခြေစစ်ပွဲအောင်ဖို့ အလားအလာ ကောင်းနေပါတယ်။

More News
Up