Home
မြန်မာသတင်း
အပစ်ရပ်လက်မှတ်ထိုးရေး အပြီးသတ်ဆွေးနွေးမှု နိုဝင်ဘာလလယ် ပြုလုပ်မည်
ကျော်ဇေယျာဝင်း
·
November 9, 2017
  ငြိမ်းချမ်းရေးကော်မရှင် (PC) နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့ အပြီးသတ် ဆွေးနွေးမှုကို လာမယ့် နိုဝင်ဘာလလယ်လောက်မှာ ပြုလုပ်သွားဖို့ရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ NRPC ရုံးမှာပြုလုပ်နေခဲ့တဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ (DPN) နဲ့ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့ ၈ ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ အခုအကြိမ်ဆွေးနွေးမှုဟာ နှစ်ဖက်လုံးမျှော်မှန်းတဲ့အတိုင်း ဆွေးနွေးနိုင်ခဲ့ပြီး အပြီးသတ် ဆွေးနွေးဖို့ အချက်တချက်သာကျန်ရှိတော့တယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (DPN) နဲ့ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့ ၁၅ လကျော်ကြာ တွေ့ဆုံဆွေးနွေးပွဲခဲ့ပြီးလည်း ဖြစ်ပါတယ်။ မနေ့က UNFC ဘက်ကအဆိုပြုထားတဲ့ အချက် ၃ ကနေ ၈ အထိဆွေးနွေးခဲ့ကြပြီး ဒီနေ့မှာတော့ အဆိုပြုချက် အချက် တစ် နဲ့ နှစ်ကို ညှိနှိုင်းနေကြတာပါ။ ဆွေးနွေးပွဲကို အစိုးရကိုယ်စားလှယ် စုစုပေါင်း ၁၇ ဦး၊ DPN က ကိုယ်စားလှယ် ၁၂ ဦး၊ NCA – S EAOs ၈ ဖွဲ့မှ လေ့လာသူ ၅ ဦး တက်ရောက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024