Home
မြန်မာသတင်း
ဇေယျဝတီမြို့တွင် ဘာသာပေါင်းစုံဆုတောင်းပွဲ ပြုလုပ်
DVB
·
November 9, 2017
ပဲခူးတိုင်းဒေသကြီး၊ ဇေယျဝတီမြို့မှာ ဘာသာပေါင်းစုံဆုတောင်းပွဲတခုကို နိုဝင်ဘာ ၈ ရက် ညနေပိုင်းက ဇေယျဝတီမြို့ ဘောလုံးကွင်းအတွင်းမှာ ဒေဒသအတွင်းရှိ ငြိမ်းချမ်းရေးကို လိုလာသူတွေက စုပေါင်းပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါအခမ်းအနားကို ပဲခူးတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ဦးကြည်ဇင်/ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပဲခူးတိုင်းဥက္ကဋ္ဌ ဦးသိန်းဒန်/တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ ဘာသာပေါင်းစုံက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာပါ။ ပဲခူးတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ဦးကြည်ဇင်က “ကျနော်တို့ အခုသွားနေတဲ့ လမ်းကြောင်းဟာ တ၀က်တောင်မရောက်သေးဘူး။ ကျနော်တို့ အခုဖြစ်ပေါ်နေတဲ့ ဘာသာရေးပရိပက္ခတွေ နိုင်ငံရေးပဋိပက္ခတွေကလည်း များစွာရှိတယ်ဆိုတာ တွေ့ကြရလိမ့်မယ်။ ကျနော်တို့ ဖွဲစည်ပုံအခြေခံဥပဒေမှာဆိုရင် ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချတဲ့ လက်နက်အဖြစ် အသုံးပြုမယ်ဆိုရင် တရားဥပဒေအရ အရေးယူခြင်းခံရဖို့ဆိုတဲ့ ဥပဒေလည်း ပြဋ္ဌာန်းထားပြီးသား ဖြစ်ပေမယ့် ကျနော်တို့ ဒါကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီဟာ နုနယ်သေးတယ်။ ကျနော်တို့ လုပ်ရကိုင်ရတဲ့ အနေအထားတွေဟာ အခက်အခဲ အကြပ်အတည်းတွေရှိနေတဲ့ အနေအထားမှာ အခုလို ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲပြုလုပ်ခြင်းဟာ ဂုဏ်ယူဖွယ်လေးစားဖွယ် ကောင်းလှပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ပဲခူးတိုင်းအလုပ်မှုဆောင် ဥက္ကဋ္ဌ ဦးသိန်းဒန်မှလည်း ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေ လုပ်ရာတာဟာ ငြိမ်းချမ်းရေးအတွက်ဖြစ်ကြောင်း “ကျနော်တို့နိုင်ငံဟာ အားလုံးသိတဲ့အတိုင်းပဲ။ ကျနော်တို့ပြည်ထောင်စုကြီးဟာ လွတ်လပ်ရေးနဲ့အတူ ငြိမ်းချမ်းရေး ဆိတ်သုဉ်းခဲ့ရပါတယ်။ အချင်းချင်းမညီညွတ်ဘဲနဲ့ ပြဿနာပေါင်းစုံနဲ့ ကျနော်တို့ နိုင်ငံဟာ တည်ငြိမ်မှုကင်းမဲ့ခဲ့ပါတယ်။ အဲဒါကဘာလဲဆိုတော့ ကျနော်တို့ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ပဋိပက္ခတွေကို ငြိမ်းချမ်းရေးနည်းနဲ့ မဖြေရှင်းပဲနဲ့ လက်နှက်နဲ့ ဖြေရှင်းခဲ့ကြလို့ အခုလိုအချိန်အထိ ကျနော်တို့ဟာ ငြိမ်းချမ်းရေးကို အပြည့်အစုံ မရရှိသေးတာပဲ ဖြစ်တယ်။ ဒါကြောင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေ လုပ်နေရာတာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။ အခမ်းအနားကို ဒေသတွင်းရှိ ဘာသာပေါင်းစုံမှ ပြည်သူ ၃၀၀ ကျော်တက်ရောက်ခဲ့ကြပြီ အခန်းအနားအစီစဉ်အရ ဖယောင်းတိုင်ထွန်းပြီး ငြိမ်သက်စွာ ဆုတောင်းမှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024