A d v e r t i s e m e n t With Us

ပြန်ပေးသမား ၅ ဦးကို ဝစ်လစ်စလစ်အခြေအနေဖြင့် ရဲဖမ်းဆီးသည့် ရုပ်သံပျံ့နှံ့

ကနေဒါနိုင်ငံမှာ ပြန်ပေးမှုကျူးလွန်ခဲ့သူ ၅ ဦးကို ဝတ်လစ်စလစ် အခြေအနေနဲ့ ရဲတွေက ဖမ်းဆီးသွားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ် ပျံ့နှံ့နေပါတယ်။ အဲဒီ ပြန်ပေးသမား ၅ ဦးဟာ မွေးကင်းစကလေးနဲ့ မိခင်အမျိုးသမီး၊ သူ့ရဲ့ဖခင်တို့ကို ပြန်ပေးဆွဲခဲ့တဲ့အတွက် ခုလိုဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ မေရာသတင်းမှာ နိုဝင်ဘာ ၈ ရက်နေ့က ဖော်ပြပါတယ်။ ရဲတွေဟာ ရေခဲနေတဲ့ဝန်းကျင်မှာ ပြန်ပေးသမားတွေကို ခေါ်ဆောင်သွားခဲ့ကြတာကို တွေ့ရပြီး သူတို့ထဲမှာ ဝစ်လစ်စလစ်နဲ့ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့  မျက်မြင်သက်သေတွေက ပြောပါတယ်။ သူတို့ဟာ လာဒပ်က်စီရင်စုနယ်မြေထဲက နေအိမ်ကနေ အမျိုးသမီးနဲ့ မိသားစုကို ပြန်ပေးဆွဲ ခေါ်ဆောင်လာခဲ့ကြတာဖြစ်ပြီး ဘီအမ်ဒဗလျူ ကားတစီးနဲ့အတူ အလိုမတူဘဲ ခေါ်တင်သွားခဲ့ကြတယ်လို့ ရွိုင်ရယ်ကနေဒီယန်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ကားနောက်ခန်း ပစ္စည်းထားတဲ့နေရာမှာ ထည့်သိပ်ခေါ်ဆောင်ခံခဲ့ရတဲ့ အမျိုးသားက မောင်းနှင်နေတဲ့ ကားပေါ်ကနေ လွတ်မြောက်ဖို့ ကြိုးစားခဲ့ချိန်မှာ လမ်းပေါ် တခြားကားတွေပေါ်မှ မျက်မြင်သက်သေတွေကပါ ကူညီပေးခဲ့ကြတာပါ။ အဲဒီနောက်တော့ ပြန်ပေးသမားတွေ မောင်းနှင်လာတဲ့ ကားဟာ ထရပ်ကားတစီးနဲ့ တိုက်မိခဲ့ပြီး ရေမြောင်းထဲ ထိုးကျသွားခဲ့ပြီး အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ အရွယ်မရောက်သေးသူ မိန်းကလေး ၂ ဦးပါဝင်တဲ့ ပြန်ပေးအဖွဲ့ကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့ကြတာပါ။ ဒါပေမယ့် သူတို့ ဘာကြောင့် ခုလို ဝစ်လစ်စလစ် အခြေအနေနဲ့ ရှိနေခဲ့ရတယ်ဆိုတဲ့ အကြောင်းရင်းကို သတင်းမှာ မဖော်ပြထားပါဘူး။ ရွိုင်ရယ်ကနေဒီယန်း ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုတခုဖြစ်တယ်လို့ ဖော်ပြခဲ့တာပါ။ ဒါပေမယ့် ပြန်ပေးဆွဲခံရတဲ့ မိသားစုဝင်တွေကတော့ တစုံတရာ ထိခိုက်ဒဏ်ရာ ရရှိတာမျိုးတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up