A d v e r t i s e m e n t With Us

ဝက်စ်ဟမ်းကို တိုက်စစ်ဦးစားပေးအသင်း ဖြစ်စေလိုဟု နည်းပြ မိုယက်စ် ပြော

ဓာတ်ပုံ - ရိုက်တာ
ဝက်စ်ဟမ်းအသင်းကို တိုက်စစ်ဦးစားပေးတဲ့အသင်း ဖြစ်စေလိုတယ်လို့ နည်းပြ ဒေးဗစ် မိုယက်စ်က ပြောပါတယ်။ ဒါပေမယ့် ပထမဆုံးအနေနဲ့ အသင်းရဲ့ခံစစ်ကို ကျစ်လျစ်အောင် တည်ဆောက်ရမှာဖြစ်ပြီး တဖက်မှာလည်း ရလဒ်ကောင်းတွေရဖို့ အရင်လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ လောလောဆယ် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၈ မှာရှိနေပြီး ပေးဂိုး ၂၃ ဂိုးအထိ ရှိနေပါတယ်။ အသက် ၅၄ နှစ်အရွယ် နည်းပြသစ် ဒေးဗစ် မိုယက်စ်ဟာ အထုတ်ခံလိုက်ရတဲ့ နည်းပြဟောင်း ဘီလစ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာတာပါ။ သူဟာ နည်းပြအဖြစ် အဲဗာတန်မှာ သက်တမ်းအကြာဆုံးလုပ်ခဲ့ပြီးနောက် မန်ယူနဲ့ စပိန်ကလပ် ရီးရဲလ်ဆိုစီဒက်အသင်းတို့မှာ တာဝန်ယူခဲ့ပါတယ်။ နည်းပြသစ် မိုယက်စ်က သူ့ရဲ့အစွမ်းအစတွေကို ဝက်စ်ဟမ်းအသင်းမှာ သက်သေပြသွားမယ်လို့ ဆိုထားပါတယ်။ နည်းပြသစ်အတွက် ပွဲဦးထွက်အနေနဲ့ ၀က်စ်ဟမ်းဟာ လာမယ့် ၁၉ ရက်နေ့မှာ ၀က်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ရမှာပါ။

A d v e r t i s e m e n t With Us

More News
Up