A d v e r t i s e m e n t With Us

ဝါရှင်တန် ဆီယက်တဲလေဆိပ်တွင် လေယာဉ်တစင်း ဆင်းသက်စဉ် အင်ဂျင်မီးလောင်

ဓာတ်ပုံ - The Kansas City Star
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော် ဆီယက်တဲ နိုင်ငံတကာလေဆိပ်မှာ နိုဝင်ဘာ ၇ ရက်က လေယာဉ်တစင်း ဆင်းသက်စဉ် အင်ဂျင်တလုံး မီးစွဲလောင်ခဲ့ပါတယ်။ မီးစွဲလောင်တဲ့လေယာဉ်ဟာ ဟာဝေယံလေကြောင်းလိုင်း လေယာဉ်ဖြစ်ပြီး လေယာဉ်အမှုထမ်းတွေသာ ပါဝင်တဲ့ ဖယ်ရီလေယာဉ်ဖြစ်တယ်လို့ ဆီယက်တဲလေဆိပ်ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။ လေယာဉ်ရဲ့ ဘယ်ဘက်အင်ဂျင် မီးစွဲလောင်ခဲ့ပေမယ့် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့လည်း ဟာဝေယံလေကြောင်းလိုင်းရဲ့ တွစ်တာစာမျက်နှာ်မှာ ဖော်ပြထားပါတယ်။ အင်ဂျင်မီးစွဲလောင်ခဲ့တဲ့ လေယာဉ်ဟာ ဆီယက်တဲရဲ့ မြောက်ဘက် မိုင် ၃၀ အကွာမှာရှိတဲ့ ပိန်းဖီးလ် လေဆိပ်ကနေ ဆီယက်တဲ နိုင်ငံတကာလေဆိပ်ကို ပျံသန်းလာတာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up