မြောက်ကိုရီးယားအပေါ် ပိုမိုဖိအားပေးရန် တရုတ်သမ္မတကို ဒေါ်နယ်ထရမ့် တိုက်တွန်းမည်

ဓာတ်ပုံ - ရိုက်တာ
2.2K
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အာရှ အလည်အပတ်ခရီးစဉ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို မြောက်ကိုရီးယားအပေါ် ပိုမိုဖိအားပေးဖို့ တိုက်တွန်း ပြောကြားသွားမှာဖြစ်တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်အနေနဲ့ မြောက်ကိုရီးယားအပေါ် ရေနံတင်ပို့ရောင်းချမှု၊ ငွေလွှဲငွေပို့ လုပ်ဆောင်ပေးနေမှုနဲ့ မြောက်ကိုရီးယားကနေ ကျောက်မီးသွေး ဝယ်ယူတင်သွင်းနေမှုတွေကို တင်းကျပ်သွားဖို့ ထရမ့်က တိုက်တွန်းပြောကြားမှာ ဖြစ်ပါတယ်။
တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ စီးပွားရေးအဆက်အသွယ်နဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက ပုံကြီးချဲ့နေတာဖြစ်ပြီး စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်လို့ တတ်နိုင်သမျှ လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့လည်း တရုတ်က မကြာခဏ ထုတ်ဖော်ပြောကြားထားပါတယ်။
တရုတ်နိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဘေဂျင်းမြို့မှာရှိတဲ့ တရုတ် “မင်” မင်းဆက် လက်ထက်ကနေ “ချင်” မင်းဆက်ထိ တည်ရှိခဲ့တဲ့ နန်းတော်ကို နိုဝင်ဘာ ၈ ရက်က သွားရောက်လည်ပတ်ခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။