A d v e r t i s e m e n t With Us

သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အန်ဒီမာရေး မျှော်လင့်

ဓာတ်ပုံ - ရိုက်တာ
ဗြိတိန်တင်းနစ်သမား အန်ဒီမာရေးဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာတာကြောင့်  ဇန်နဝါရီ ၁၆ ရက်မှာစတင်မယ့် သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ အန်ဒီမာရေးဟာ ပြီးခဲ့တဲ့ဇူလိုင်လက ယှဉ်ပြိုင်ခဲ့တဲ့ ဝင်ဘယ်လ်ဒန်အိုးပင်းမှာ တင်ပါးဒဏ်ရာ ရခဲ့တာကြောင့် အနားယူခဲ့ရတာပါ။ ဒဏ်ရာသက်သာလာပြီးနောက် ပထမဆုံး လက်ရည်စမ်းပွဲအဖြစ် ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒရာနဲ့ နိုဝင်ဘာ ၇ ရက်က ယှဉ်ပြိုင်ခဲ့ရာမှာတော့ ၆-၃၊ ၃-၆၊ ၁၀-၆ နဲ့ ရှုံးခဲ့ပါတယ်။ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံ မရသေးပေမယ့် ဒဏ်ရာအခြေအနေ ၁၀၀ ရာခိုင်နှုန်း ကောင်းလာမယ်ဆိုရင် သြစတြေးလျအိုးပင်းမှာ အကောင်းဆုံး ကစားနိုင်မယ်လို့ အန်ဒီမာရေးက ပြောပါတယ်။ အန်ဒီမာရေးဟာ နိုဝင်ဘာ ၆ ရက်က ထုတ်ပြန်တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။ အန်ဒီမာရေးအနေနဲ့ ယူအက်စ်အိုးပင်း ချန်ပီယံတကြိမ်နဲ့ ဝင်ဘယ်လ်ဒန်အိုးပင်း ချန်ပီယံနှစ်ကြိမ် ရရှိထားပေမယ့် ပြင်သစ်အိုးပင်းနဲ့ သြစတြေးလျအိုးပင်းတွေမှာတော့ ချန်ပီယံဘွဲ့ ရယူနိုင်ခြင်း မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up