Home
မြန်မာသတင်း
မြိတ်မြို့တွင် စည်းကမ်းလိုက်နာမှုမရှိသည့် ယာဉ်များကို စတင်အရေးယူ
DVB
·
November 8, 2017
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ လုပ်ငန်းသုံး သဲ/ ကျောက်တင် ကားတွေနဲ့ မြေသယ်ယာဉ်တွေကို မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီရဲ့ ဒေသန္တရ အမိန့်နဲ့ ထုတ်ပြန်ထားပြီး စည်းကမ်းလိုက်နာမှုမရှိတဲ့ ယာဉ်တွေကို စတင်အရေးယူနေပြီလို့ စည်ပင်က ပြောပါတယ်။ မြိတ်မြို့ပေါ်မှာ ဒေသန္တရအမိန့် ထုတ်ပြန်ထားပေမယ့် တချို့လုပ်ငန်းသုံး ယာဉ်တွေဟာ စည်းကမ်းမဲ့ မောင်းနှင်တာ၊ ဥပဒေကို မထိမဲ့မြင် ချိုးဖောက်ပြီး မောင်းနင်းမှုတွေ ရှိနေလို့ မလိုလားအပ်တဲ့ ယာဉ်တိုက်မှုတွေ ဖြစ်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပြီး တိုင်ကြားခဲ့ကြတယ်လို့ သိရပါတယ်။ မြိတ်မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ‘’ကျနော်တို့ စည်ပင်ကော်မတီရုံးကို ပြည်သူတွေ တိုင်ကြားလာလို့ လုပ်ငန်းသုံးယာဉ်/ကားတွေကို အခု စတင်စစ်ဆေး ဖမ်းဆီးနေပါပြီ။ မနေ့ကဆိုရင် မြေသယ်ယာဉ် ကား ၃ စီး၊ နောက်ဘက် တာလာပတ် မအုပ်လို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအရ အရေးယူလိုက်တာပါ” လို့ ပြောပါတယ်။ မြိတ်မြို့မှာ လုပ်ငန်းသုံး သဲ၊ ကျောက်၊ မြေတွေကို သယ်ဆောင်လာတဲ့ယာဉ်တွေဟာ AC လမ်းပေါ် မောင်းနှင်ပါက ကားအနောက်ဘက်မှာ တာလာပတ်နဲ့ ဖုံးအုပ်ပြီး၊ မောင်းနှင်ဖို့ မြိတ်မြို့ စည်ပင်သာယာရေး ကော်မတီရုံးက ဒေသန္တရအမိန့် ထုတ်ပြန်ထားတာပါ။ ဒေသန္တရအမိန့်ကို စည်းကမ်း ချိုးဖောက် ဖောက်ဖျက်ပါက စည်ပင် ဥပဒေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေနဲ့ မော်တော်ယာဉ် ထိန်းသိမ်းရေး ဥပဒေတွေနဲ့ အရေးယူနိုင်တယ်လို့ သိရ ပါတယ်။ သတင်းနှင့် သတင်းပုံ ဇော်ဇော် မြိတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024