A d v e r t i s e m e n t With Us

ဒီမာရီယာနှင့် လူးကပ်စ်မော်ရာကို ပီအက်စ်ဂျီ ရောင်းချရဖွယ်ရှိ

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း သတ်မှတ်ချက်ကို ကျော်လွန်သွားနိုင်တဲ့အတွက် ဒီမာရီယာနဲ့ လူးကပ်စ်မော်ရာတို့ ၂ ဦးကို ရောင်းချရဖို့ရှိပါတယ်။ ပီအက်စ်ဂျီအသင်းအနေနဲ့ ဘာစီလိုနာတိုက်စစ်မှူး နေမာကို ပေါင် ၁၉၈ သန်းနဲ့ ခေါ်ယူထားသလို လာမယ့်နှစ်မှာလည်း မိုနာကိုတိုက်စစ်မှူး အမ်ဘာပေအတွက် ပေါင် ၁၆၅ သန်း ပေးဖို့ရှိတာကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း သတ်မှတ်ချက်ထက် ပေါင်သန်း ၇၀ လောက် ကျော်လွန်သွားဖို့ ရှိနေတာပါ။ ဒီလိုအခြေအနေကြောင့် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ ဒရက်ဇ်လာ အပါအဝင် တောင်ပံကစားသမားတွေဖြစ်တဲ့ ဒီမာရီယာနဲ့ လူးကပ်စ်မော်ရာတို့ကို ရောင်းချပြီး ဝင်ငွေပြန်ရှာရဖို့ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up