သရုပ်ဆောင်ရဲတိုက် နိုဝင်ဘာ လလယ်ခန့် လွတ်မည်
ပိုင်စိုး
·
November 8, 2017
တောင်ငူထောင်မှာ အကျဉ်းကျနေတဲ့ သရုပ်ဆောင်ရဲတိုက်ဟာ နိုဝင်ဘာ လလယ်လောက် လွတ်မယ်လို့ ထောင်ပိုင်ကြီးက ပြောပါတယ်။
“အတိအကျတော့ ပြောလို့မရပါဘူး။ ဒီလထဲမှာ လွတ်ဖို့ သေချာပါတယ်။ ဒီ လဝက်လောက်မှာ လွတ်ဖို့ သေချာပါတယ်” လို့ ထောင်ပိုင်ကြီး ဦးမြသောင်းက ပြောပါတယ်။
သာမာန်လျှော့ရက်တွေနဲ့ လွတ်တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ စင်တင်မင်းသားဖြစ်တဲ့ သရုပ်ဆောင်ရဲတိုက်ဟာ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တရားရုံးကနေပြီး မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၆/(ဂ)အရ ၂၀၁၄ ခု ဧပြီလ ၇ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ နှစ် အမိန့်ချ မှတ်ခံခဲ့ရတာဖြစ်ပါတယ်။