A d v e r t i s e m e n t With Us

၂၀၁၈ ကမ္ဘာ့ဖလားတွင် ဂျာမနီအသင်းဝတ်ဆင်မည့် ဂျာစီအင်္ကျီအသစ် ပြသ

ဓာတ်ပုံ - တွစ်တာ
ဂျာမနီ လက်ရွေးစင်အသင်းက ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဝတ်ဆင်မယ့် အသင်းရဲ့ ဂျာစီအင်္ကျီကို ထုတ်ဖော် ပြသလိုက်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာပါ။ ဂျာမနီလက်ရွေးစင်အသင်း ဝတ်ဆင်မယ့် ဂျာစီကို Adidas ကုမ္ပဏီက စပွန်ဆာ ပေးထားတာပါ။ ဂျာမနီအသင်းဟာ လာမယ့် နိုဝင်ဘာ ၁၀ ရက်နေ့ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်မယ့် အင်္ဂလန်အသင်းနဲ့ ခြေစမ်းပွဲမှာ ဂျာစီအင်္ကျီအသစ်ကို ပထမဆုံး ဝတ်ဆင်သွားမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီဟာ ဘရာဇီးနဲ့ အာဂျင်တီးနားတို့ကို ဖြတ်ကျော်ပြီး ဗိုလ်စွဲထားပါတယ်။ ဂျာမနီအသင်းက ထုတ်လုပ်တဲ့ ဂျာစီကို ပရိသတ်တွေအနေနဲ့ တထည်ကို ယူရို ၉၀ နီးပါးနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up