မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး သင်းလုံးကျွတ်ညီလာခံ ကျင်းပမည်

  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး သင်းလုံးကျွတ်ညီလာခံကို ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ (၁) ဦးအေးကြူလေးက ပြောပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး သင်းလုံးကျွတ်ညီလာခံကို လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေနဲ့အတူ ကျင်းပသွားမှာဖြစ်ပါတယ်။ လာမယ့် ၂၀၁၈ ခုနှစ်မှာ ကျင်းပမယ့် ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားနဲ့ ပတ်သက်ပြီးတော့ ဘုတ်အဖွဲ့အစည်းဖွဲ့စည်းတာတွေ၊ ကြိုတင်ပြင်ဆင် ဆောက်ရွက်မှုတွေကတော့ အစည်းအဝေးကျင်းပပြီးမှ ဆောင်ရွက်သွားမယ်လို့ ဦးအေးကြူလေးက ပြောပါတယ်။

More News
Up