ဆော်ဒီ တော်ဝင်မိသားစု၊ ဝန်ကြီးနှင့် သူဌေးကြီးများကို ဖမ်းဆီးမှု သမ္မတထရမ့် ထောက်ခံ

ဓာတ်ပုံ - ရိုက်တာ
2.7K
ဆော်ဒီအာရေးဘီးယားဘုရင်က တော်ဝင်မိသားစုတွေ၊ ဝန်ကြီးတွေနဲ့ သူဌေးကြီးတွေကို လာဘ်စားမှုတိုက်ဖျက်ရေးကိစ္စနဲ့ ဖမ်းဆီးခဲ့တဲ့လုပ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထောက်ခံလိုက်ပါတယ်။
ထရမ့်ရဲ့ တွစ်တာစာမျက်နှာမှာ “ဘုရင် ဆော်လမန်နဲ့ အိမ်ရှေ့မင်းသားတို့ကို ကျနော် အပြည့်အဝ ယုံကြည်ပါတယ်။ သူတို့ဘာလုပ်နေသလဲဆိုတာ သူတို့ အသေအချာသိပါတယ်” လို့ ရေးသားထားပါတယ်။
“အခုလို အဖမ်းခံရသူတွေထဲက တချို့ဟာ ဆော်ဒီအာရေးဘီးယားနိုင်ငံကို နှစ်ပေါင်းများစွာ အမြတ်ထုတ်နေကြသူတွေဖြစ်တယ်” လို့လည်း ထရမ့်က တွစ်တာစာမျက်နှာ်မှာ ရေးသားခဲ့ပါတယ်။
ဆော်ဒီဘုရင် ဖမ်းဆီးလိုက်သူတွေထဲမှာ ထင်ရှားတဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံသူတဦးဖြစ်တဲ့ ဘီလီယံနာ အယ်လ်ဝယ်လီဘင်တဲလယ်လည်း ပါဝင်ခဲ့ပါတယ်။
ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆော်လမန်ရဲ့ အခုလို ဖမ်းဆီးလိုက်တဲ့ လုပ်ရပ်ဟာ ပြည်တွင်းမှာ သူ့ရဲ့ အာဏာပါဝါကို ပိုမိုခိုင်မာအောင် တည်ဆောက်ဖို့ ရည်ရွယ်တာဖြစ်သလို နိုင်ငံတကာမှာလည်း ဆော်ဒီအာရေးဘီးယားရဲ့ လွှမ်းမိုးမှုကို ရလိုတာကြောင့်ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။