A d v e r t i s e m e n t With Us

ဂွါဒီယိုလာလက်အောက် ကစားရမှု ပျော်ရွှင်နေဟု ဂျွန်စတုန်းပြော

ဂွါဒီယိုလာလက်အောက်မှာ ကစားရတာ ပျော်ရွှင်နေပြီး မိမိခြေစွမ်းကို တိုးတက်ဖို့ ကြိုးပမ်းသွားမယ်လို့ မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းက ပြောပါတယ်။ အဲဗာတန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂျွန်စတုန်းဟာ မန်စီးတီးအသင်းမှာ ခြေစွမ်းပြနေကာ ပြီးခဲ့တဲ့ရက်က အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ရာသီအစကတည်းက ပရီးမီးယားလိဂ် ရှုံးပွဲမရှိစံချိန်ကို ထိန်းထားနိုင်သလို ဒုတိယနေရာက မန်ချက်စတာယူနိုက်တက်အသင်းကို ၈ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up