တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ၅ နှစ်ပြည့် အခမ်းအနား ကျင်းပ
ပြည့်ဘုန်းအောင်
·
November 7, 2017
မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ၅ နှစ်ပြည့် အခမ်းအနားကို နိုဝင်ဘာ ၇ ရက်နေ့က ရန်ကုန်မြို့ Sky Star ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံရေးပါတီတွေထဲမှာ အင်အားကြီးမားတဲ့ ပါတီတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ရွေးကောက်ပွဲ ၂ ကြိမ်တိုင် ဝင်ရောက်အရွေးခံခဲ့ပေမယ့် အနိုင်မရရှိခဲ့ပါဘူး။
ဒီနေ့ပြုလုပ်တဲ့ ပါတီ ၅ နှစ်ပြည့် အခမ်းအနားကို နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေအပါအဝင် ပါတီဝင် ၁၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
သတင်း +ဓာတ်ပုံ = ပြည့်ဘုန်းအောင်