လက်စတာကစားသမား မာရက်ဇ်ကို ရိုးမား ခေါ်ယူလို

လက်စတာကစားသမား မာရက်ဇ်ကို ခေါ်ယူလိုပေမယ့် အသင်းက ရောင်းချလိုခြင်းမရှိလို့ အခက်တွေ့ရတယ်လို့ ရိုးမားအသင်း ဒါရိုက်တာ မွန်ချီက ပြောလိုက်ပါတယ်။ ရိုးမားအသင်းအနေနဲ့ လီဗာပူးအသင်းဆီ ရောင်းချလိုက်တဲ့ ဆာလက်ခ်ျရဲ့နေရာမှာ မာရက်ဇ်နဲ့ အစားထိုးဖို့ ဆန္ဒရှိနေတာပါ။ ဒါပေမယ့် လက်စတာအသင်းဟာ ဘာစီလိုနာအသင်းကိုတောင် ရောင်းချခြင်း မပြုခဲ့ဘူးလို့ မွန်ချီက ဆိုပါတယ်။ လက်စတာအသင်းဟာ တောင်ပံကစားသမား မာရက်ဇ်အတွက် ပေါင်သန်း ၅၀ ခန့် ပြောင်းရွှေ့ကြေး အလိုရှိနေပြီး အဲဒီပမာဏ ပေးချေမယ့်အသင်း မရှိတာကြောင့်လည်း ရောင်းချခြင်း မပြုတာလို့ သိရပါတယ်။ အသက် ၂၆ နှစ်ရှိ အယ်လ်ဂျီးရီးယား ကစားသမား မာရက်ဇ်ဟာ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီက ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့သူပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ကစားလိုတဲ့ဆန္ဒ ရှိတာကြောင့် အသင်းကြီးတသင်းကို ပြောင်းရွှေ့ဖို့ မာရက်ဇ်က ဆန္ဒရှိနေပါတယ်။

More News
Up