အမေရိကန်သမ္မတ ဂျပန်ခရီးစဉ် အဆုံးသတ်ပြီး တောင်ကိုရီးယားသို့ ထွက်ခွာ

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နှစ်ရက်ကြာ ဂျပန်ခရီးစဉ်ကို အသုံးသတ်ခဲ့ပြီး နိုဝင်ဘာ ၇ ရက်နေ့က အဲဖို့စ်ဝမ်းလေယာဉ်နဲ့ တောင်ကိုရီးယားနိုင်ငံကို ထွက်ခွာခဲ့ပါတယ်။ အမေရိကန်သမ္မတဟာ နျူကလီးယား စမ်းသပ်မှုကြောင့် တင်းမာမှုဖြစ်နေတဲ့ ကိုရီးယားကျွန်းဆွယ်ကို သွားရောက်တာဖြစ်ပြီး သူ့ရဲ့ ပြင်းထန်တဲ့စကားကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တင်းမာမှု ပိုမိုမြင့်တက်ခဲ့ပါတယ်။ သမ္မတထရမ့်ရဲ့ ဒီခရီးစဉ်ဟာ မြောက်ကိုရီးယား နျူကလီးယားဒုံးကျည် စမ်းသပ်ချက်တွေအပေါ် သူ့ရဲ့ သဘောထားတင်းမာတဲ့ ချဉ်းကပ်မှုကို သန္နိဋ္ဌာန်ပြုဖို့ ရည်ရွယ်တယ်လို့ အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒေသတွင်းနိုင်ငံ အတော်များများကတော့ သမ္မတ ထရမ့်ရဲ့ စကားအသုံးအနှုန်းတွေကြောင့် စစ်ရေးပဋိပက္ခ ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

More News
Up