A d v e r t i s e m e n t With Us

ဘီလစ်ကို ထုတ်ပြီးနောက် ဝက်စ်ဟမ်းနည်းပြအဖြစ် ဒေးဗစ်မိုယက်ကို ခန့်ရန် စီစဉ်

ဝက်စ်ဟမ်းအသင်းဟာ နည်းပြဘီလစ်ကို ထုတ်ပယ်ပြီး အဲဗာတန်နဲ့ မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်ကို ခန့်အပ်ဖို့ စီစဉ်နေပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ နိုဝင်ဘာ ၄ ရက်နေ့က ကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲမှာ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် နည်းပြဘီလစ်ကို ရာထူးကနေ ထုတ်ပယ်လိုက်တာပါ။ ဒေးဗစ်မိုယက်ဟာ ပြီးခဲ့တဲ့နှစ်က ဆန်းဒါးလန်းအသင်းနဲ့အတူ တန်းဆင်းခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတာပါ။ ဒေးဗစ်မိုယက်အနေနဲ့ ဝက်စ်ဟမ်းနည်းပြရာထူးကိုလည်း စိတ်ဝင်စားနေပြီး အနည်းဆုံး ၁၈ လသက်တမ်း စာချုပ်နဲ့ ကမ်းလှမ်းမယ်ဆိုရင် လက်ခံသွားဖို့ ရှိနေပါတယ်။ အသက် ၄၉ နှစ်ရှိ ခရိုအေးရှားနည်းပြ ဘီလစ်ဟာ ၂၀၁၅ ခုနှစ်ကတည်းက ဝက်စ်ဟမ်းနည်းပြအဖြစ် တာဝန်ယူခဲ့တာဖြစ်ပြီး ဒီနှစ်ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲမှာ နိုင်ပွဲ ၂ ပွဲပဲ ရယူနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up