ကတ်တလန်ခေါင်းဆောင်နှင့် အပေါင်းပါလေးဦးကို ဘယ်ဂျီယံတရားရုံးက ခြွင်းချက်ဖြင့် လွှတ်

ဓာတ်ပုံ - ရိုက်တာ
2.4K
ရာထူးကနေ ဖယ်ရှားခံရတဲ့ ကတ်တလန်ခေါင်းဆောင် ကားလက် ပူအီဒမုန်နဲ့ အပေါင်းပါ ၄ ဦးကို ဘယ်လ်ဂျီယံတရားရုံးက ခြွင်းချက်နဲ့ လွှတ်ပေးလိုက်တယ်လို့ ရှေ့နေတွေက နိုဝင်ဘာ ၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကတ်တာလိုးနီးယားဒေသမှာ တုံ့ပြန်မှုအမျိုးမျိုး ဖြစ်ပေါ်နေပါတယ်။
ဘာစီလိုနာ ဒေသခံတဦးက “ကျမအမြင်တော့ သူ့အစိုးရအဖွဲ့နဲ့အတူ အဖမ်းခံသင့်တယ်လို့ မြင်ပါတယ်။ သူ့အစိုးရ အဖွဲ့ကတော့ ထောင်ကျပြီး သူကတော့ နိုင်ငံခြားထွက်သွားတာကို ကျမတော့ သဘာဝကျတယ်မထင်ဘူး” လို့ ပြောပါတယ်။
တခြားဒေသခံတဦးကလည်း “ဥရောပနိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက စပိန်အစိုးရကို သတင်းစကားပါးလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီလို မျှော်လင့်ပါတယ်” လို့ ဒေသခံတဦးက ပြောခဲ့ပါတယ်။
ရှေ့နေတဦးကလည်း “ကတ်တာလိုးနီးယား ခေါင်းဆောင်တဦးအနေနဲ့ သူဟာ တခြားလူတွေ ထောင်ကျနေတုန်း သူနဲ့ ဝန်ကြီးတွေက ဘယ်လ်ဂျီယံထွက်ပြေးတာ မလုပ်သင့်ပါဘူး။ ဒီမှာပဲ ဆက်နေပြီး အကျိုးဆက်တွေကို ခံယူသင့်ပါတယ်” လို့ ပြောလိုက်ပါတယ်။
ကားလက် ပူအီဒမုန်နဲ့ အပေါင်းပါ ၄ ဦးဟာ လာမယ့် ၁၅ ရက်အတွင်း ဘယ်လ်ဂျီယံ တရားရုံးကို လာရောက်ရမယ်လို့လည်း ရှေ့နေတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။