အိန္ဒိယတွင် ၄၈ နာရီအတွင်း မွေးကင်းစကလေး အယောက် ၃၀ သေဆုံး

ဓာတ်ပုံ - ရိုက်တာ
2.4K
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒေ့ရှ် ပြည်နယ်ဆေးရုံမှာ ၄၈ နာရီအတွင်း မွေးကင်းစကလေး အယောက် ၃၀ သေဆုံးခဲ့တယ်လို့ ဆေးကောလိပ်က နိုဝင်ဘာ ၅ ရက်မှာ အတည်ပြု ပြောဆိုပါတယ်။
ကလေး ၁၅ ဦးက ဂူရတ်ပူရ်မြို့ဆေးရုံ မွေးကင်းစ အထူးကုသဆောင်မှာ သေဆုံးခဲ့ပြီး တခြားကလေး ၁၅ ဦးကတော့ ကလေးအထူးကုသဆောင်မှာ သေဆုံးခဲ့တာပါ။
သေဆုံးမှု ၆ ခုက ဦးနှောက်ရောင်ရမ်းမှုကြောင့် ဖြစ်ပြီး တခြား မွေးကင်းစ သေဆုံးမှုတွေကတော့ တခြားအကြောင်းတွေကြောင့်လို့ ဘာဘာရာဂတ်စ်ဒဲ့ဗ် ဆေးကောလိပ်မှ ပါမောက္ခ ဒေါက်တာ ဒီကေ ရှရီဗာ စတာဗာက ပြောပါတယ်။
ဒီဆေးရုံမှာပဲ လွန်ခဲ့တဲ့ ၂ လက မွေးကင်းစနဲ့ ကလေးငယ် အများစုဖြစ်တဲ့ လူ ၁၀၅ ဦး သေဆုံးခဲ့ပါသေးတယ်။