A d v e r t i s e m e n t With Us

လက်ဆွဲနှုတ်ဆက်ခြင်းထက် နိုင်ပွဲရဖို့ ပိုအရေးကြီးဟု ချဲလ်ဆီးနည်းပြ ပြော

ပွဲအပြီးမှာ လက်ဆွဲနှုတ်ဆက်တာထက် နိုင်ပွဲရဖို့က ပိုအရေးကြီးတယ်လို့ ချဲလ်ဆီးနည်းပြ ကွန်တီက ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးအသင်းက မန်ယူအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲစဉ်အပြီးမှာ  နည်းပြကွန်တီအနေနဲ့ မန်ယူနည်းပြ မော်ရင်ဟိုကို လက်ဆွဲနှုတ်ဆက်ခြင်း မရှိတာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။ ချဲလ်ဆီးနည်းပြ ကွန်တီဟာ ပွဲသိမ်းခရာမှုတ်ပြီးချိန်မှာ ကစားသမားတွေ၊ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ပြီး လက်ထောက်နည်းပြကပဲ မောင်ရင်ဟိုနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တာပါ။ မန်ယူနည်းပြ မော်ရင်ဟိုကတော့ ပွဲအပြီးမှာ နည်းပြကွန်တီကို မတွေ့တာကြောင့် လက်ထောက်နည်းပြနဲ့ပဲ နှုတ်ဆက်ခဲ့ပြီး ဒါဟာ နည်းပြချုပ်နဲ့ နှုတ်ဆက်သလိုပဲဖြစ်လို့ ပြဿနာမရှိဘူးလို့ ပြောပါတယ်။ မန်ယူအသင်းဟာ ချဲလ်ဆီးနဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီးတီးနဲ့ ၈ မှတ်အထိ ကွာဟသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up