A d v e r t i s e m e n t With Us

မန်စီးတီးက အာဆင်နယ်ကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

မန်စီးတီးနဲ့ အာဆင်နယ်တို့ နိုဝင်ဘာ ၅ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးက အာဆင်နယ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးဟာ ဒီနှစ်ရာသီမှာ ခြေစွမ်းပြနေတဲ့အသင်းလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံး တိုက်စစ်တင် အရှိန်မြှင့်ပြီး အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။ မန်စီးတီးက အိမ်ကွင်းမှာ ကစားပုံ ပိုကောင်းသလို ထိုးဖောက်ကန်သွင်းခွင့်တွေလည်း  ပိုရခဲ့ပါတယ်။ မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ၁၉ မိနစ်မှာ ဒီဘရိုင်းက သွင်းယူပါတယ်။ မန်စီးတီးအတွက် ဒုတိယဂိုးကို တိုက်စစ်မှူး စတာလင်ကြောင့်ရတဲ့ ပင်နယ်တီကို အဂူရိုက သွင်းယူပါတယ်။ ဒီပွဲမှာ မန်စီးတီး တောင်ပံကစားသမား ဒီဘရိုင်း ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ အာဆင်နယ်အတွက် ချေပဂိုး ၁ ဂိုးကို ၆၅ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး လာကာဇက်တီက သွင်းယူပါတယ်။ မန်စီးတီးအတွက် အပိတ်ဂိုးကိုတော့ တိုက်စစ်မှူး ဂျီးဆက်က သွင်းယူပြီး အနိုင်ရသွားပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ ၉ ပွဲဆက်တိုက် အနိုင်ရပြီး ဒီပွဲနိုင်လို့ မန်စီးတီးက ၃၁ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဆက်ဦးဆောင်နေသလို အာဆင်နယ်က ၁၉ မှတ်နဲ့ အဆင့် ၆ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up