A d v e r t i s e m e n t With Us

မိုရာတာ၏သွင်းဂိုးဖြင့် ချဲလ်ဆီးက မန်ယူကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အသင်းကြီး ၂ သင်း ထိပ်တိုက်တွေ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးက မန်ယူကို ၁ ဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရသွားပါတယ်။ နှစ်သင်းစလုံး အဓိက ကစားသမားတွေနဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပြီး ချဲလ်ဆီးက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့ပြီး မန်ယူက တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ဂိုးသွင်းမသေချာတာနဲ့ လူကာကူရဲ့ ကန်ချက်တွေကို ချဲလ်ဆီးဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ တဖက်မှာလည်း ချဲလ်ဆီးက ဘာကာရိုကို အခွင့်အရေးတွေကို အသုံးမချနိုင်သလို တိုက်စစ်မှူး ဟာဇက်ရဲ့ ကန်ချက်တွေကိုလည်း မန်ယူဂိုးသမား ဒီဂီယာ ကာကွယ်နိုင်လို့ ဂိုးထပ်မပေးရတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးကို ပွဲချိန် ၅၅ မိနစ်မှာ တိုက်စစ်မှူး မိုရာတာက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူပါတယ်။ မိုရာတာအတွက်တော့ စက်တင်ဘာနောက်ပိုင်းမှာ ပထမဆုံး သွင်းယူနိုင်တဲ့ဂိုးလည်း ဖြစ်ပါတယ်။ ဒီပွဲနိုင်တဲ့ ချဲလ်ဆီးက ၂၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာကို တက်လာပြီး မန်ယူက ၂၃ မှတ်နဲ့ အဆင့် ၂ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up