Home
မြန်မာသတင်း
ကော့သောင်းမြို့အနီး ကျွန်းများသို့ ခရီးသည်တင်အပျော်စီးသင်္ဘော လာရောက်လေ့လာ
DVB
·
November 5, 2017
  ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်းရှိ ခရင်းခွကျွန်းသို့ ခရီးသည် ၁၀၀၀ ကျော်ဆန့်တဲ့ Superstar Libra အမည်ရှိတဲ့ အပျော်စီးခရီးသည်တင်သင်္ဘော နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းက ဆိုက်ရောက်ခဲ့ပါတယ်။ 2အပျော်စီး သင်္ဘောဟာ မလေးရှားနိုင်ငံ Portklang ဆိပ်ကမ်းမှတဆင့် မြန်မာရေပိုင်နက် အက်ဒမန်ပင်လယ် ကော့သောင်းမြို့နယ် ခရင်းခွကျွန်းကို ရောက်ရှိလာပြီး တာဝန်ရှိ အဖွဲ့အစည်းတွေက လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ကာ သဘောင်္ပေါ်ပါ ခရီးသည်တွေက ခရင်းခွကျွန်းပေါ်ရှိ Myanmar Andaman Resprt ပေါ်ကို တနေ့တာ တက်ရောက်အပန်းဖြေကြပါတယ်။ ကျွန်းပေါ်ရောက်လာကြတဲ့ ခရီးသွားဧည့်သည်တွေကို Tint Tint Myanmar Group of Companies ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်နဲ့ ဝန်ထမ်းတွေ ဌာနဆိုင်ရာတာဝန်ရှိသူတွေ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆိုအကအဖွဲ့တွေက ကြိုဆိုခဲ့ကြပါတယ်။ “ကျွန်းက ၅၅ ဧကကျယ်တယ်။ တောင်တက်ဖို့လမ်းတွေရှိတယ်၊ ရေငုပ်နိုင် ရေကူးနိုင်တဲ့ နေရာတွေ အများကြီးရှိတယ်။ ရေချိုထွက်ပေါက် ၁၅ ခုရှိတယ်၊ အရာရာပြည့်စုံတဲ့ ကျွန်းတခု ဖြစ်နေတယ်ပေါ့။ အခုဒီသင်္ဘောကြီးက ပထမဦးဆုံးအခေါက်ပေါ့၊ ဒါဟာ ကျမတို့ရဲ့ တနင်္သာရီ တိုင်းအတွက် အားရဝမ်းသာစရာဖြစ်တယ်။ နိုဝင်ဘာ ၂၉ ရက်နေ့ကျရင် လူအယောက် ၄၀၀၀ ကျော်ပါတဲ့ သင်္ဘောကြီးဒုတိယအခေါက်လာဖို့ ရှိတယ်”လို့ Tint Tint Myanmar Group Cpmpanies ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောပါတယ်။ သင်္ဘောက အထပ်ဆယ်ထပ်ပါရှိပြီး တန်ချိန် ၄၂၂၈၅ တန်ရှိကာ ခရီးသည် ၁၀၀၀ ကျော် တင်ဆောင်နိုင်ပြီး နိုင်ငံစုံမှ သဘောင်္အမှုထမ်း ၇၀၀ ကျော်နဲ့ မြန်မာနိုင်ငံ Andamanပင်လယ်တွင်း ခရင်းခွကျွန်းကို တိုက်ရိုက်ရောက်ရှိလာတာဖြစ်ပါတယ်။ အခုနှစ် ခရီးသွားရာသီ အစမှာ ကော့သောင်းမြို့အနီး လှပတဲ့ကျွန်းတွေဆီ ပထမဆုံးလာရောက်တာဖြစ်ပြီး ညနေပိုင်းမှာ မလေးရှားနိုင်ငံ ပီနမ်မြို့ကို ပြန်လည်ထွက်ခွာသွားတယ်လို့ ကော့သောင်းမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူတဦးကပြောပါတယ်။ သတင်း - လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024