ရီးရဲလ်နည်းပြအဖြစ် စိတ်ဝင်စားနေမှု စပါးနည်းပြ ပိုချက်တီနို ပယ်ချ

စပါးနည်းပြပိုချက်တီနိုက ရီးရဲမက်ဒရစ်အသင်းရဲ့ နည်းပြအဖြစ်ကမ်းလှမ်းဖို့ စိတ်ဝင်စားနေတာကို ပယ်ချလိုက်ပါတယ်။ လက်ရှိအချိန်မှာ ပိုချက်တီနိုဟာ ဥရောပမှာ နာမည်အကြီးဆုံး နည်းပြတဦး ဖြစ်နေပြီး ရီးရဲမက်ဒရစ်အသင်းရဲ့ နည်းပြရာထူးအတွက် ထိပ်ဆုံးက ရေပန်းစားနေခဲ့ပါတယ်။ ဒါပေမယ့် ပိုချက်တီနိုကတော့ ကမ္ဘာပေါ်မှာ အရေးကြီးဆုံးကလပ်က စပါးဖြစ်ပြီး အကောင်းဆုံးကလပ်ကလည်း စပါးပဲဖြစ်တယ်လို့ ပြောပါတယ်။ စပါးအသင်းအတွက် သူ့ရည်ရွယ်ထားတဲ့ အရာတွေပြီးမြောက်တဲ့အထိ ရှိသွားမယ်လို့လည်း ဆိုထားပါတယ်။ စပါးစ်ဟာ လောလောဆယ် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အမှတ် ၂၀ နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။

More News
Up