A d v e r t i s e m e n t With Us

ဘိုင်ယန်က ဒေါ့မွန်ကို ၃-၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ဂျာမန်ဘွန်ဒတ်စ်လီဂါ နာမည်ကြီး နှစ်သင်းယှဉ်ပြိုင်သွားတဲ့ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ဒေါ့မွန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို ၁၆ မိနစ်လောက်မှာ ရော်ဘင်က သွင်းယူပါတယ်။ တိုက်စစ်မှူး ရော်ဘင်ဟာ ဒီရာသီမှာလည်း အသင်းအတွက် ခြေစွမ်းပြ ကစားနေတာပါ။ ဒုတိယဂိုးကိုတော့ တောင်ပံက ပေးပို့မှုကနေ တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက သွင်းယူပါတယ်။ အခုတလော ရလဒ်တွေ မကောင်းဖြစ်နေတဲ့ ဒေါ့မွန်အသင်း အိမ်ကွင်း ပရိသတ်တွေရှေ့မှာ အပြန်အလှန် ထိုးဖောက် ကစားနိုင်ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဘိုင်ယန်အတွက် တတိယဂိုးကို အယ်လာဘာက ပိတ်ယူပါတယ်။ ဘိုင်ယန်ဟာ နည်းပြသစ် ဟေးနက်စ် လက်ထက်မှာ ရလဒ်ကောင်းပြီး ဒီပွဲ အပါအ၀င် ၇ ပွဲဆက်တိုက် အနိုင်ရထားပါတယ်။ ဒေါ့မွန်အတွက် တလုံးတည်းသော ချေပဂိုးကို ၈၇ မိနစ်လောက်မှာ ဘာထရာက သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ဘိုင်ယန်က ၂၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒေါ့မန်က အမှတ် ၂၀ နဲ့ အဆင့် ၃ ကို လျောကျသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up