Home
မြန်မာသတင်း
ကော့သောင်းတွင် ဘုန်းကြီးတပါး ဆွဲကြိုးချ ပျံလွန်
DVB
·
November 4, 2017
ကော့သောင်းမှာ အောက်တိုဘာ ၃ ရက်က ဘုန်းကြီးတပါး ဆွဲကြိုးချ သတ်သေမှု တခုဖြစ်ပွားခဲ့တယ်လို့ ကော့သောင်းမြို့ရဲစခန်းက စခန်းမှူး ဒုရဲမှူးမြင့်မော်က ပြောပါတယ်။ ဖြစ်စဉ်မှာ ရွှေပြည်သာရပ်ကွက်၊ ဇေယျာသိင်္ဂီကမ္မဋ္ဌာန်းကျောင်းမှာ သတင်းသုံးနေထိုင်တဲ့ ဦးပညာစာရ(ခ)ဦးမောင် ဟာ ကျောင်းအနောက်ဘက်သပြေပင်မှာ သင်္ကန်းလှမ်းကြိုးနဲ့ ချည်နှောင်ပြီး ဆွဲကြိုးချ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဦးမောင်ဟာအရင်က ထိုင်းနိုင်ငံရနောင်းမြို့မှာ ပန်းရံအလုပ်လုပ်ကိုင်နေသူဖြစ်ပြီး အသက်ကြီးပြီးဖြစ်လို့ အလုပ်ရှင်က အလုပ်မခန့်တော့လို့ အောက်တိုဘာ ၁၅ ရက်က အလုပ်မှထွက်ပြီး ဇေယျာသိင်္ဂီ ကမ္မဋ္ဌာန်းကျောင်းမှာ ရဟန်းဝတ်နေသူဖြစ်တယ်လို့ သိရပါတယ်။ ဦးပညာစာရ(ခ)ဦးမောင် သေဆုံးမှုနဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဖို့အတွက် သေမှုသေခင်း အမှတ်စဉ် ၄၆/၂၀၁၇ နဲ့ အမှုဖွင့်ထားတယ်လို့ ဒုရဲမှူး မြင့်မော်က ပြောပါတယ်။ လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024