ပုလဲဆိပ်ကမ်းကို အမေရိကန်သမ္မတ သွားရောက်လည်ပတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ အာရှခရီးစဉ်မတိုင်မီ ဒုတိယကမ္ဘာစစ်ကာလ ဂျပန်တို့က အလစ်အငိုက်တိုက်ခိုက်ခဲ့တဲ့ ပုလဲဆိပ်ကမ်းကို နိုဝင်ဘာ ၃ ရက်မှာ သွားရောက်လည်ပတ်ခဲ့ပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ဟာ နှစ်ပေါင်း ၂၅ နှစ်ကျော်ကာလအတွင်း အာရှနိုင်ငံတွေကို ရက်ရှည်အလည်အပတ်သွားရောက်တဲ့ ပထမဆုံးသမ္မတဖြစ်လာမှာပါ။ အခုလို သွားရောက်တာဟာ မြောက်ကိုရီးယားကို ဖိအားပေးဖို့ အထောက်အကူအနေနဲ့ သွားရောက်တာလည်းဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပုလဲဆိပ်ကမ်းကို မသွားရောက်မီ ပစိဖိတ်သမုဒ္ဒရာထဲက အမေရိကန်စစ်အခြေစိုက်စခန်းရှိရာ ဟာဝိုင်အီကျွန်းကို ဝင်ရောက်ခဲ့ပြီး၊ ညွှန်ကြားမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဒေါ်နယ်ထရမ့်ဟာ နိုဝင်ဘာလ ၅ ရက်ကနေ ၁၄ ရက်အထိ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ပုလဲဆိပ်ကမ်းကနေ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေ သွားရောက်ပြီးနောက် တရုတ်ကို သွားရောက်မှာဖြစ်ပြီး  မြောက်ကိုရီးယားကို ပိုမိုတင်းတင်းကြပ်ကြပ်တိုင်တွယ်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွန်းအားပေးသွားဖွယ်ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

More News
Up