A d v e r t i s e m e n t With Us

ကတ်တလန်ခေါင်းဆောင် ဖမ်းဝရမ်းထုတ်ခံရ၍ လူပေါင်းများစွာ ဆန္ဒပြ

စပိန်အစိုးရက ကတ်တလန်ခေါင်းဆောင် ပူအိဒမုန်ကို ဖမ်းဝရမ်းထုတ်လိုက်အပြီး နိုဝင်ဘာ ၃ ရက်နေ့က ဘာစီလိုနာမြို့တော်ခန်းမရှေ့မှာ လူပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ လွတ်လပ်ရေးလိုလားတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြသလို၊ စာတမ်းတွေဝှေ့ရမ်းပြီး ဆန္ဒပြခဲ့ကြကာ ကတ်တလန်အမျိုးသားသီချင်းကိုလည်း သီဆိုခဲ့ကြပါသေးတယ်။ “ပူအိဒမုန် ဘယ်လ်ဂျီယံမှာ ဆက်နေလို့ရမယ်လို့ မော်ျလင့်ပါတယ်။ နိုင်ငံရေး ခိုလှုံခွင့်ပုံစံမျိုးနဲ့ဖြစ်ဖြစ်၊ ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ဖြစ် ဆက်နေလို့ ရမယ်လို့ မျော်လင့်ပါတယ်။ အဲဒီကနေပြီးတော့ ကတ်တာလိုးနီးယားကို ညွှန်ကြားလို့ရသလို၊ အဲဒီကနေပြီးတော့ ဒီလိုပြန်လာဖို့ ပြန်ဆင်လို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကတ်တလန်ဒေသက သမ္မတနိုင်ငံဖြစ်နေလို့ပါ။ ဒီက လူတွေကတော့ စပိန်အစိုးရနဲ့ ဘာမှကို မလုပ်ချင်ကြတော့ပါဘူး။ သူတို့ကို ပြောင်းလဲအောင် လုပ်လို့ရမှာ မဟုတ်ပါဘူး။ ကာတာလိုးနီးယားမှာ ခွဲထက်ရေးလိုလားတဲ့ ပြည်သူထက်ဝက်လောက်ရဲ့ အရေအတွက်က ၂ သန်းကျော်ရှိတယ်။ ကျန်တဲ့ အရေအတွက်က ၄ သန်းနီးပါးရှိတယ်။ ဒီတော့ သူတို့ကြိုက်တာလုပ်လို့ရတယ်။ ရလဒ်ကတော့ သွေးချောင်းစီးတာပဲဖြစ်မှာ။ သူတို့ အဲဒီလိုဖြစ်စေချင်ရင်တော့၊ ဘယ်တတ်နိုင်မှာလဲ။” လို့ အသက် ၄၆ နှစ်အရွယ် ဘာစီလိုနာမြို့ခံတစ်ဦးဖြစ်သူ ဂျိုအန်ရာမုန် က ပြောပါတယ်။ “ဂုဏ်သရေရှိတဲ့လူတွေ၊ ကျမတို့နယ်မြေအတွက် တိုက်ပွဲဝင်နေကြတဲ့ ကျမတို့အားလုံးကို ကိုယ်စားပြုတဲ့ လူတွေကို လုံးဝ တရားမျှတမှုမရှိဘဲ ထောင်သွင်းအကျဉ်းချတယ်ဆိုတာ အလွန်ရှက်စရာကောင်းပါတယ်။” လို့ အသက် ၂၆ နှစ်အရွယ် ဘာစီလိုနာမြို့ခံတဦးဖြစ်သူ အလက်ဇန္ဒြာ အာရန်ဒါက ပြောပါတယ်။ စပိန်အစိုးရက ကတ်တလန်အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်အပြီးမှာ ကတ်တလန်ခေါင်းဆောင် ပူအိဒမုန်နဲ့ အစိုးရအဖွဲ့ဝင် ၄ ယောက်ဟာ ဥရောပသမဂ္ဂရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအစိုးရဟာ စပိန်အစိုးရက ထုတ်ပြန်လိုက်တဲ့ ပူအိဒမုန်အတွက် ဖမ်းဝရမ်းကို လက်ခံရရှိခဲ့ပြီး တရားသူကြီးကို မတင်ပြမီ စုံစမ်းစစ်ဆေးမှုတွေလုပ်သွားမယ်လို့ ဘယ်လ်ဂျီယံအစိုးရရှေ့နေ အဲရစ်ဗန်ဒါ ဆတ် ( Eric Van der Sypt) ကပြောကြားသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up