A d v e r t i s e m e n t With Us

ပင့်ကူဝင်တယ်ဆိုပြီး ဂါဝန်လှန်ရှာတဲ့ သတင်းကြေညာသူ (ရုပ်သံ)

စင်မြင့်ပေါ်မှာ ရုပ်သံ တိုက်ရိုက်လွှင့်နေတုန်း သတင်းကြေညာသူက သူမရဲ့ဂါဝန်ထဲ ပင့်ကူဝင်နေတယ်ထင်ပြီး တင်ပါးတွေပေါ်တဲ့အထိ ဂါဝန်ကို လှန်လှောရှာမိတဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။ ရိုမေးနီးယားသတင်းကြေညာသူ အိုင်လင်ကာဗန်ဒီစီရဲ့ အမှားမှားအယွင်းယွင်းဖြစ်ခဲ့တဲ့ ရုပ်သံက အခုအချိန်မှာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတယ်လို့လည်း သိရပါတယ်။ စင်မြင့်ထက် ရုပ်သံပြပွဲအတွင်း သူမရဲ့ဝါ၀န်ကိုလှန်ပြီးရှာနေတာဟာ ဒိုင်တွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သူတွေကို အံ့သြစေပြီး စင်ပေါ်က အမျိုးသားတဦးက လာကူချိန်မှာတော့ အသက် ၃၁ နှစ်အရွယ် ဗန်ဒီစီက သူမ ပင့်ကူဝင်တယ်လို့ မှားယွင်းပြီး ထင်ခဲ့မိတာလို့ပြောပြီး ရှက်ကိုးရှက်ကန်းဖြစ်နေတာတွေ့ရပါတယ်။ စက္ကန့် ၃၀ လောက် သူမရဲ့ဂါဝန်ကို လှန်လှောရှာအပြီးမှာတော့ ဗန်ဒီစီနဲ့ ကူညီတဲ့အမျိုးသားလည်း သူတို့နေရာတွေကို ပြန်သွားခဲ့ပါတယ်။ ပင့်ကူဝင်တယ်လို့ မှားယွင်းထင်မိတာကို သိသွားတဲ့ ဗန်ဒီစီက ပြန်ပြီးတည်တည်ငြိမ်ငြိမ် ရယ်မောကာ အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့တယ်လို့ မေရာသတင်းမှာ နိုဝင်ဘာ ၄ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up