Home
အနုပညာ
ဂျပန်ရောက် မြန်မာမိသားစုအကြောင်းရုပ်ရှင် ဆု ၂ ဆု ဆွတ်ခူး
DVB
·
November 4, 2017
ဂျပန်နိုင်ငံရောက် မြန်မာမိသားစုအကြောင်းရုပ်ရှင် တိုကျိုမှာ ဆု ၂ ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ တိုကျိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရခဲ့တဲ့ Passage of life နဲ့ ဂျပန်လို ‘ကျနော့်အတွက် ပြန်ရမယ့် နေရာ’ လို့ နာမည်နှစ်မျိုးပေးထားတဲ့ ဂျပန် လူငယ်ဒါရိုက်တာ အခိအို ဖူဂျီမိုတို ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားဟာ Best Asian Future Film Award ဆုနဲ့ The Spirit of Asia Award by the Japan Foundation Asia Center ဆု ၂ ခု ရရှိခဲ့ပါတယ်။ ဂျပန်ရောက် မြန်မာတွေ အပါအ၀င် မြန်မာနိုင်ငံသားတွေရဲ့ အားပေးကူညီခဲ့မှုကြောင့် အခုလို တိုကျိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တာဖြစ်ပြီး အထူးဝမ်းသားကျေးဇူတင်ပါကြောင်းနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေကိုပေးတဲ့ ဆုပါပဲလို့ ဂျပန် လူငယ်ဒါရိုက်တာ အခိအို ဖူဂျီမိုတိုက ဒီဗွီဘီကိုပြောပါတယ်။ ဂျပန်နိုင်ငံမှာ ဒုက္ခသည်လျှောက်ထားတဲ့ မိသားစုရဲ့ ဖြစ်ရပ်မှန်အပေါ် ဇာတ်လမ်းတည် ရိုက်ကူးထားတာဖြစ်ပြီး မြန်မာနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ဖို့  အခက်အခဲများစွာ ရှိနေတာကို နှစ်နိုင်ငံတာဝန်ရှိသူတွေ သတိထားစေချင်လို့ ရိုက်ကူးရတာလို့လည်း ဒါရိုက်တာက ပြောပါတယ်။ အဲဒီ ရုပ်ရှင်ကို တိုကျိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အောက်တိုဘာ ၂၉ ရက်နေ့က စတင်ပြသခဲ့တာဖြစ်ပြီး ပွဲစဉ်တိုင်းရုံပြည့်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024