A d v e r t i s e m e n t With Us

အင်္ဂလန်လူစာရင်းတွင် လူငယ်ကစားသမားများရွေးချယ်မှု နည်းပြ ရှင်းလင်း

အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းထုတ်ပြန်ရာမှာ လူငယ်ကစားသမားသစ်တွေ ပါဝင်လာတာ နဲ့ ပတ်သက်ပြီး လူငယ်တွေကို အခွင့်အရေးပေးတာလို့ နည်းပြဆောက်ဂိတ်က ပြောကြား လိုက်ပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့် နိုဝင်ဘာ၁၀ ရက်နဲ့ ၁၄ ရက်မှာ ဂျာမနီ၊ ဘရာဇီးတို့နဲ့ ခြေစမ်းပွဲ နှစ်ပွဲကစားမှာပါ။ အဲဒီပွဲတွေအတွက် ကစားသမား ၂၅ ဦး စာရင်းရွေးချယ်ရာမှာ ဆွမ်ဆီးတိုက်စစ်မှူး အီဗရာဟမ်၊ လီဗာပူးနောက်ခံလူ ဂျိုးလ်ဂိုမက်ဇ်နဲ့ ခရစ္စတယ်ပဲလေ့က လော့ဖ်တပ်ချိခ်တို့ ပထမဆုံးအကြိမ် ပါဝင်လာတာပါ။ အင်္ဂလန်အသင်းမှာ လက်စတာက မက်ဂွဲယား၊ စပါးက ထရစ်ပီယာ၊ ဟယ်ရီဝင့် တို့လို ကစားသမားတွေကိုလည်း ရွေးချယ်ထားပြီး ဒီလိုလူငယ်တွေကို အခွင့်အရေးပေးချင်တာကြောင့်ဖြစ်ပြီး စိတ်လူပ်ရှားစရာလည်းကောင်းတယ်လို့ နည်ပြဆောက်ဂိတ်က ဆိုပါတယ်။ နည်းပြဆောက်ဂိတ်အနေနဲ့ အသင်းမှာ ရွေးချယ်ခြင်းမခံရတဲ့ စမောလင်း၊ ချိန်ဘာလိန်၊ ၀ီလ်ရှိုင်းယား၊ စတာရစ်တို့နဲ့ ပတ်သက်ပြီးလည်း ပုံမှန်ပွဲထွက်ကစားခွင့်ရဖို့ လိုတယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up