A d v e r t i s e m e n t With Us

အိုင်အက်စ်ပိုင် ဘိန်းပါသည့် ဆေးပြား ၂၄ သန်းကျော် အီတလီအစိုးရ ဖမ်းဆီး

အီတလီ အစိုးရဟာ ဘိန်းပါတဲ့ ဆေးဝါးဖြစ်တဲ့ အိုပီယိတ် ဆေးပြား ၂၄ သန်းကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရေဂျီယို ကာလာဘရီယာ တရားရုံးက နိုင်ဘာ ၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေက ကမ္ဘာတလွှားက တိုက်ခိုက်မှုတွေအတွက် ဘဏ္ဍာရေး ထောက်ပံ့ဖို့ ဒီဆေးဝါးတွေ သုံးခဲ့တာ ဖြစ်နိုင်တယ်လို့လည်း မီဒီယာတွေက သုံးသပ်ပါတယ်။ အီတလီရဲ့ အကြီးဆုံးလည်းဖြစ်တဲ့ နိုင်ငံတောင်ပိုင်းက ကုန်သေတ္တာ ဆိပ်ကမ်းမှာ ဒီဆေးတွေကို ရဲနဲ့ အကောက်ခွန် အရာရှိတွေက ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအကြောင်းကို အမေရိကန် မူးယစ်တိုက်ဖျက် အာဏာ တည်စေရေး စီမံမှုရုံးက စုံစမ်းစစ်ဆေးမှုတွေကို အားကောင်းကောင်း ဆောင်ရွက်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ သိမ်းဆည်းရမိတဲ့ ဆေးပြားတပြားကို အမေရိကန် ဒေါ်လာ ၂.၃၃ နဲ့ ရောင်းလေ့ရှိလို့ သိမ်းဆည်းမိမှုဟာ ယူရိုငွေ သန်း ၅၀ တန်တယ်လို့ ကြေညာချက်က ဆိုပါတယ်။ အိုင်အက်စ်တွေက ကမ္ဘာတလွှားမှာ ဆောင်ရွက်နေတဲ့ အကြမ်းဖက် လှုပ်ရှားမှုတွေကို ငွေထောက်ပံ့ဖို့ မူးယစ်ဆေး ရောင်းနေတာဖြစ်ပြီး  မူးယစ်ဆေး အရောင်းအဝယ်ကို အိုင်အက်စ်တွက တိုက်ရိုက်ချုပ်ကိုင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ တရားမဝင် သင်္ဘောတင်မှုကို ဘယ်လိုဖော်ထုတ်ခဲ့တယ်ဆိုတာ အသေးစိတ် ဖော်ပြမှုမပြုပါဘူး။ အလားတူ သင်္ဘောတင်ပို့မှုတွေကို ပြီးခဲ့တဲ့နှစ်က ဂရိနိုင်ငံမှာ ဖော်ထုတ်ခဲ့ ဖူးပါတယ်။ မေလကလည်း အီတလီနိုင်ငံ ဂျီနိုဘာ ဆိပ်ကမ်းမှာ အခုထိက်ပိုများတဲ့ မူးယစ်ဆေးတွေ ရှာတွေ့ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up