A d v e r t i s e m e n t With Us

မြန်မာဖူဆယ်အသင်း တတိယနှင့် အသန့်ရှင်းဆုံးဆု ရရှိ

မနေ့ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂ဝ၁၇ အာဆီယံ ဖူဆယ်ပြိုင်ပွဲမှာ မြန်မာအသင်းက အိမ်ရှင်ဗီယက်နမ်အသင်းကို အနိုင်ယူပြီး တတိယရရှိသွားပါတယ်။ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲကို ကျင်းပခဲ့တာဖြစ်ပြီး မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ဟာ ပွဲချိန်ပြည့်တဲ့အထိ နှစ်ဂိုးစီ သရေကျနေလို့ ပယ်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ မြန်မာအသင်းက လေးဂိုး-သုံးဂိုးနဲ့ အနိုင် ရခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းဟာ ဗီယက်နမ်ကို အုပ်စုတွင်း တွေ့ဆုံစဉ်က သုံးဂိုးပြတ် အရေးနိမ့်ခဲ့ပြီး အခုတတိယလုပွဲမှာ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းဟာ တတိယဆုရခဲ့တဲ့အပြင် အသန့်ရှင်းဆုံးဆုကိုလည်း ရရှိခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကိုတော့ ထိုင်းအသင်းက ရရှိခဲ့ပြီး ဒုတိယဆုကို မလေးရှားအသင်းက ရရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up