A d v e r t i s e m e n t With Us

ဒေါ်နယ်ထရမ့် Twitter အကောင့် ဖျက်ပစ်ခံရမှု စုံစမ်းစစ်ဆေးမည်ဟု ကုမ္ပဏီပြော

FILE PHOTO: The masthead of U.S. President Donald Trump's @realDonaldTrump Twitter account is seen on July 11, 2017. @realDonaldTrump/Handout/File Photo via REUTERS
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ Twitter အကောင့်ကို ကုမ္ပဏီဝန်ဝမ်းတွေက မတော်တဆ ဖျက်ပစ်ခံရမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးသွားမယ်လို့ Twitter ကုမ္ပဏီက နိုဝင်ဘာ ၂ ရက်နေ့က ပြောကြားပါတယ်။ တခါတရံ အငြင်းပွားဖွယ်ရာ မှတ်ချက်စကားတွေ ရေးတင်လေ့ရှိတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ Twitter အကောင့်ဟာ ၁၁ မိနစ်လောက် အဖျက်ခံခဲ့ရပြီး ပြန်လည်သုံးစွဲခွင့် ရရှိသွားခဲ့ပါတယ်။ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပြီး နောက်တကြိမ် အခုလို အဖြစ်မျိုး မဖြစ်အောင် ကာကွယ်ဖို့ စီမံလုပ်ဆောင်သွားမယ်လို့လည်း Twitter ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up