ကမ္ဘာ့နံပါတ် ၁ နေရာကို ဆက်ထိန်းထားနိုင်မည်ဟု နဒါး ပြော

631
စပိန်တင်းနစ်သမား ရာဖယ် နဒါးက ဒီနှစ်ရာသီအကုန်အထိ ကမ္ဘာ့နံပါတ် ၁ နေရာကို ဆက်ပြီး ထိန်းထားနိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။
ရာဖယ် နဒါးဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ အဲဒီနောက်မှာ ပုံမှန်လက်စွမ်းမျိုးရဖို့ ကြိုးစားပြီး ကမ္ဘာ့နံပါတ် ၁ နေရာကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် တင်းနစ်စတား နဒါးဟာ နာမည်ကြီး တင်းနစ်သမားတွေဖြစ်တဲ့ အင်ဒီမာရေး၊ နိုဗက် ဂျိုကိုဗစ်တို့ကို ဖြတ်ကျော်ပြီး ထိပ်ဆုံးနေရာမှာ ပြန်ရောက်လာတာပါ။
နဒါးဟာ နောက်ဆုံး ယှဉ်ပြိုင်တဲ့ ပဲရစ် မာစတာပြိုင်ပွဲမှာ တောင်ကိုရီးယားက ချန်ဟိုင်အွန်ကို အနိုင်ယူပြီး နံပါတ် ၁ နေရာကို ဆက်ထိန်းနိုင်ဖို့ သေချာခဲ့တာ ဖြစ်ပါတယ်။ နဒါးဟာ လောလောဆယ် ဂရန်းစလန်း ဆုဖလား ၁၆ ခု ရရှိထားပါတယ်။