A d v e r t i s e m e n t With Us

ဘရာဇီးလ်နိုင်ငံတွင် မိုးခေါင်ပြီး မိကျောင်း ဒါဇင်နှင့်ချီ သေဆုံး (ရုပ်သံ)

ဘရာဇီးလ်နိုင်ငံမှာ မိုးခေါင်မှုကြောင့် တိရစ္ဆာန်ပေါင်း ထောင်သောင်းချီ သေဆုံးခဲ့သလို မိကျောင်းတွေလည်း ဒါဇင်နဲ့ချီ သေဆုံးကာ ကယ်ဆယ်ရေးတွေက သေဆုံးနေတဲ့ မိကျောင်းတွေနဲ့ သေခါနီး မိကျောင်းတွေကြား ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။ မိကျောင်းကြီးတွေကို ရွှံ့ထူထပ်ရာ မြေထဲကနေ အနီးအနားက ရေအိုင်တွေရှိရာကို ကြိုးနဲ့ဆွဲပြီး မရွှေ့ပြောင်းခင် အရေးပေါ်ကယ်ဆယ်ရေး လုပ်သားတွေက ရုပ်သံ ရိုက်ကူးခဲ့တာဖြစ်ပြီး တိုကန်တင်းပြည်နယ်မှာ မိကျောင်းတွေနဲ့ ကျွဲ နွား တိရစ္ဆာန်တွေဟာ ပူပြင်းတဲ့ နေဒဏ်က သက်သာရာ ရဖို့ ရှာဖွေရင်း ရွှံ့တွေထဲ နစ်မြုပ်နေတာပါ။ တိုကန်တင်းပြည်နယ် အရှေ့တောင်ဘက် ဘာနာနယ်ကျွန်း တနေရာတည်းမှာပဲ မိကျောင်း ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ပေမယ့် ဘရာဇီးလ်နိုင်ငံ သဘာဝပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ် အင်စတီကျု (အိုင်ဘီအေအမ်အေ) မှ ကယ်ဆယ်ရေးအဖွဲ့တွေက တိရစ္ဆာန်တွေကို သူတို့ ကယ်တင်နိုင်သလောက် အကြီးအကျယ် ကယ်တင်ပေးနေကြတယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့က မိကျောင်းတွေကို ကယ်ဆယ်ရေးသမားတွေက ရွှံ့တွေထဲကနေ ဆွဲတင်ပြီး ရေပိုမိုရှိတဲ့နေရာတွေဆီ ပြန်လည်နေရာချထားပေးသလို နွားတွေကိုလည်း ရပ်နိုင်လာတဲ့အထိ ကုသပေးပြီး ကယ်တင်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဒေသခံတွေလည်း မိုးခေါင်တဲ့ဒဏ်ကို ခံစားနေရပြီး ရေရှိရာနေရာတွေဆီ သွားရောက်ရှာဖွေနေရပါတယ်။ တိုကန်တင်းပြည်နယ်ရဲ့ မြို့တော်လည်း ရက်ပေါင်း ၁၄၀ လုံးလုံး မိုးမရွာဘူးလို့ အာဏာပိုင်တွေရဲ့ အချက်အလက်တွေအရ သိရပြီး ဘရာဇီးလ်နိုင်ငံရဲ့ မြို့ပေါင်း ၁၁ မြို့က အရေးပေါ် အခြေအနေမှာ ရှိနေကာ ၂၇ မြို့ကတော့ သတိထားစောင့်ကြည့်ရမယ့် အနေအထား ရှိနေတယ်လို့ မေရာသတင်းမှာ နိုဝင်ဘာ ၁ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up