ပုသိမ်မြို့တွင် တန်ဆောင်တိုင် ကာတွန်းမီးပုံးပွဲတော် ကျင်းပ

ပုသိမ်မြို့မှာ ကာတွန်းဆရာကြီးတွေ ဖြစ်တဲ့ ကာတွန်း ရွှေတလေး၊ ကာတွန်း ဦးဖေသိန်း၊ ကာတွန်း ဦးအောင်ရှိန်၊ ကာတွန်းဦးဆန်းထွန်းတို့လို နာမည်ကြီး ကာတွန်းဆရာတွေ ပေါ်ထွက်ခဲ့သလို ဧရာဝတီတိုင်းထဲက အခြားမြို့တွေမှာလည်း နိုင်ငံကျော် ကာတွန်းဆရာကြီးတွေ ထွက်ပေါ်ခဲ့ပါတယ်။ အခုလို နိုင်ငံကျော် ကာတွန်းဆရာကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပုသိမ်မြို့က ဓနိတန်းလမ်းမှာ တန်ဆောင်တိုင် ကာတွန်းမီးပုံးပွဲကို နိုဝင်ဘာ ၂ ရက်နေ့ ညနေ ကစတင်ပြီး ကျင်းပနေပါတယ်။ တန်ဆောင်တိုင် ကာတွန်းမီးပုံးပွဲတော် ဖွင့်ပွဲကို ညနေ ၆ နာရီခွဲက ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ် မန်းဂျော်နီ အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ အခုလို ကာတွန်းဆရာကြီးတွေကို သီးသန့်ဂုဏ်ပြုပြီး တန်ဆောင်တိုင် ကာတွန်းမီးပုံးပွဲတော် ကျင်းပတာဟာ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။

More News
Up