မောင်တော ပန်းတောပြင်ကျေးရွာက ဘင်္ဂါလီများအား ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ပန်တောပြင်ကျေးရွာက ဘင်္ဂါလီတွေနဲ့ ဒီကနေ့ နေ့လယ်ပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတော်အတိုင်အပင်ခံဒေါ်အောင်စုကြည် ဦးဆောင်တဲ့ UEHRD ကော်မတီအဖွဲ့ဟာ လူသားချင်းစာနာမှုဆိုင်ရာ ကူညီပေးရေးညှိနှိုင်းရေးလုပ်ငန်းတွေအတွက် ဒီကနေ့ ရခိုင်ပြည်နယ်ကို ရောက်၇ှိလာပြီး စစ်တွေမြို့နေတဆင့် မောင်တောဒေသကို သွားရောက်ခဲ့ တာပါ။23131936_481705278852151_4124706611520555105_n မောင်တော ပန်းတောပြင်ကျေးရွာက မွတ်စလင်တွေအနေနဲ့ အခက်အခဲရှိတာတွေကို ပွင့်ပွင့်လင်းလင်း ပြောဖို့နဲ့ လိုအပ်နေတဲ့ အကူအညီတွေကိုလည်း ပေးအပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲ့ဒီရွာကနေတဆင့် ဘင်္ဂါလီတွေကို ပြန်လည်နေရာချထားရေး ပြန်လည်လက်ခံရေးဆောက်လုပ်မယ့် စခန်းတွေကို ရဟတ်ယာဉ်နဲ့ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ခရီးစဉ်မှာ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ အလုပ်သမား/ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ သမ္မတရုံးဒုဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးနဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု စသူတွေ လိုက်ပါသွားခဲ့ပါတယ်။ သတင်း - ၀ဏ္ဏခွာညို

More News
Up