နာမည်ကျော် ဦးဘဂျမ်းလမ်း ကာတွန်းပြပွဲ (သတင်းဓာတ်ပုံ)
DVB
·
November 2, 2017
ရန်ကုန်တန်ဆောင်တိုင်ရဲ့ နာမည်ကျော် ဦးဘဂျမ်းလမ်း ကာတွန်းပြပွဲကို အလကာင်္ကျော်စွာ ကာတွန်းဆရာကြီး ဦးဘဂျမ်းနေထိုင်ခဲ့ရာ လမ်းမတော် ၁၃လမ်း အောက်လမ်းမှာ ၇၄ ကြိမ်မြောက် ခင်းကျင်းပြသနေပါတယ်။
မျက်မှောက်ခေတ်စနစ်ကို ထင်ဟပ်တဲ့ ကာတွန်းပုံပေါင်း ၄၀၀ နီးပါးနဲ့အတူ ဒို့ပြည် ဒို့မြေ လို့ ခေါင်းစဉ်ပေးထားတဲ့ ကာတွန်းပြိုင်ပွဲကိုလည်း ပြုလုပ်ကာ ပထမ၊ ဒုတိယ၊ တတိယနဲ့ နှစ်သိမ့်ဆု ၂ ဆု ရွေးချယ်ပြီး လပြည့်နေ့မှာ ဆုပေးပွဲပြုလုပ်မှာပါ။
ဒါ့အပြင် ကာတွန်းပြပွဲကနေ လာကြည့်သူတွေ ဆန္ဒပြုနိုင်တဲ့ ပရိသတ်အကြိုက် ကာတွန်း၅ခုကို ရွေးချယ်ပြီး ငွေကျက် ၁သိန်းဆုစီ ပေးသွားမယ်လို့ သိရပါတယ်။
ဦးဘဂျမ်းလမ်း ကာတွန်းပြပွဲကို လပြည့်ကျော် ၁ ရက် စနေနေ့အထိပြသသွားမှာဖြစ်ပြီး ပြပွဲ ညနေပိုင်းတွေမှာ ကာတွန်းဆရာတွေကိုယ်တိုင် အမှတ်တရကာတွန်းရေးတာ ရုပ်ပြောင်ဆွဲပေးတဲ့ အစီအစဉ်တွေလဲ ပါရှိပါတယ်။
ကာတွန်းပြပွဲတွေဟာ ခေတ်စနစ်ကို ထင်ဟပ်တဲ့အပြင် သရော် ဖော်ကျူးမှုတွေပါတဲ့ အတွက် စစ်အစိုးရခေတ်တလျှောက် ဆယ်စုနှစ်ကျော် ပိတ်ပင်ခံခဲ့ရပြီး ၂၀၁၀ နောက်ပိုင်းမှ ကျင်းပခွင့်ပြန်လည်ရရှိလာခဲ့ပါတယ်။