ဝင်ရိုးစွန်း လေအေးတွေကြောင့် ပြည်နယ်တိုင်း ၃ ခုတွင် အအေးပို

2.5K
ဝင်ရိုးစွန်း ပေါက်ကွဲမှုဖြစ်စဉ် (Arctic Blast) ကြောင့် ဝင်ရိုးစွန်း လေအေးတွေ မြန်မာနိုင်ငံ မြောက်ဘက်ကို တိုးဝင်လာနေတဲ့အတွက် မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာ ညအပူချိန်တွေ ကျဆင်းပြီး အအေးပိုနေတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောပါတယ်။
ကမ္ဘာ့မြောက်ဘက်ခြမ်းဒေသရှိ အမေရိကတိုက်၊ ဥရောပတိုက်နဲ့ အာရှတိုက်တို့မှာ ဝင်ရိုးစွန်း ပေါက်ကွဲမှု ဖြစ်ပေါ်နေတာဖြစ်ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာ အအေးပိုနေတာ ဖြစ်ပါတယ်။
မိုးဇလဌာနကလည်း နိုဝင်ဘာလအတွင်း အေးပြီးစွတ်စိုတဲ့ လာနီညာရာသီဥတု ဖြစ်ဖို့ ၅၅ ရာခိုင်နှုန်းလောက် ရှိတယ်လို့ သတင်းထုတ်ပြန်ထားပြီး လာနီညာ ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှာ ညအပူချိန်တွေ လျော့နည်းတာနဲ့ အအေးပိုတာ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုထားပါတယ်။
Photo : U Tun Lwin