ပရိသတ်ဝေဖန်ခံနေရသည့် တိုက်စစ်မှူး လူကာကူကို နည်းပြ မော်ရင်ဟို ကာကွယ်

ဓာတ်ပုံ - eurosport
2.5K
မန်ချက်စတာယူနိုက်တက် ပရိသတ်တွေရဲ့ ဝေဖန်မှုခံနေရတဲ့ တိုက်စစ်မှူး လူကာကူဟာ အင်မတန်ကောင်းမွန်တဲ့ ကစားသမား ဖြစ်ပါတယ်လို့ နည်းပြ မော်ရင်ဟိုက ကာကွယ် ပြောဆိုလိုက်ပါတယ်။
အသက် ၂၄ နှစ်အရွယ် လူကာကူကို အဲဗာတန်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ ပြီးခဲ့တဲ့ နွေရာသီကမှ မန်ယူအသင်းက ခေါ်ယူခဲ့တာပါ။
လူကာကူဟာ ပွဲပေါင်း ၁၀ ပွဲ ကစားအပြီး ဂိုးပေါင်း ၁၁ ဂိုး သွင်းယူထားပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲစလုံး ဂိုးပေါက်ပျောက်နေတဲ့အတွက် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံနေရတာလည်း ဖြစ်ပါတယ်။
လူကာကူဟာ အသင်းအတွက် ထူးခြားတဲ့ ကစားသမားဖြစ်ပြီး ဘောလုံးကစားတယ် ဆိုတာကလည်း ဂိုးသွင်းတာတခုတည်း မဟုတ်ပါဘူးလို့ မော်ရင်ဟိုက ဆိုပါတယ်။
ဒါ့အပြင် ပရိသတ်ဆီက လေးစားမှုတွေရဖို့ လူကာကူက ထိုက်တန်ပါတယ်လို့ ပြောဆိုသွားပါတယ်။