Home
မြန်မာသတင်း
အင်းတော်ကြီးဒေသကို ဇီဝအဝန်းနယ်မြေသတ်မှတ်ခံရခြင်း အထိမ်းအမှတ် အခမ်းအနားကျင်းပ
DVB
·
November 1, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီး ရွှေမဉ္ဇူဘုရား၊ ဒေါ်ပုလဲ ဓမ္မာရုံမှာ အောက်တိုဘာလ ၃၁ ရက်၊ မနက် ၁၀ ခွဲအချိန်က အင်းတော်ကြီး ဘေးမဲ့တော ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကြီးမှူးကျင်းပတဲ့ အင်းတော်ကြီး ဇီဝအဝန်းနယ်မြေ သတ်မှတ်ခံရတဲ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက “ဇီဝအဝန်း နယ်မြေသတ်မှတ်တဲ့ ရည်ရွယ်ချက်ကတော့ ရေရှည်တည်တံ့တဲ့ နည်းလမ်းတွေနဲ့ အင်းတော်ကြီးဒေသ ကာကွယ်ထိန်းသိမ်းရေး၊ ဒေသခံများရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ တိုးမြင့်လာစေဖို့ ဖြစ်တယ်”လို့    ပြောပါတယ်။ အင်းတော်ကြီးကန်ဟာ ဇီဝအဝန်းနယ်မြေ၊ ရမ်ဆာဒေသ၊ အာဆီယံ အမွေအနှစ် ဥယျာဉ်နဲ့ ဘေးမဲ့တောအဖြစ် ထိန်းသိမ်းခံရတဲ့ နယ်မြေလည်း ဖြစ်တယ်လို့ သိရပါတယ်။ ဇီဝအဝန်းနယ်မြေဆိုတာ အပြန်အလှန် ဆွေးနွေးပြောဆိုခြင်း၊ ဗဟုသုတ မျှဝေခြင်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်း၊ ဒေသခံ ပြည်သူလူထုရဲ့ နေထိုင်မှု မြင့်မားရေး၊ ယဉ်ကျေးမှု တန်ဖိုးများကို လေးစားမှု ရှိခြင်းတို့ကတဆင့် ရေရှည်တည်တံ့တဲ့ လူသားနဲ့ သဘာဝ ပေါင်းစပ်နေထိုင်မှုပုံစံ ဖြစ်တယ်လို့ Dr Matthew Walpole (Senior Director -Conservation Programmes) on behalf of Fauna & Flora International Chief Executive Officer က ပြောဆိုရှင်းလင်းခဲ့ပါတယ်။ အင်းတော်ကြီးအိုင်ကို ဇီဝအဝန်းနယ်မြေ ကမ္ဘာ့ကွန်ရက်ရဲ့ အစိတ်အပိုင်းတခုအဖြစ် ၂၀၁၇ ခုနှစ် ဇွန်လက ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပတဲ့ ၁၉ ကြိမ်မြောက် UNESCO အစည်းအဝေးမှာ သတ်မှတ်ဆုံးဖြတ်ပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အင်းတော်ကြီးကန်ဟာ အရှေ့တောင်အာရှမှာ တတိယအကြီးဆုံးဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒုတိယမြောက် ဇီဝအဝန်းနယ်မြေ ဖြစ်ပါတယ်။ သတင်း - ခင်သန်းညွန့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024