A d v e r t i s e m e n t With Us

ထိုင်းဘုရင်ကြီးဈာပန လာသူများထဲမှ ဝရမ်းပြေး ၄၂ ဦး ဖမ်းဆီးရမိ

ဓာတ်ပုံ - ထိုင်းရတ်
ထိုင်းနိုင်ငံ ဘန်ကောက်  ဆနမ်လုံပြည်သူ့ရင်ပြင်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ နဝမမြောက်ထိုင်းဘုရင် ဘူမိဘောအဒူယာဒေ့ခ်ျရဲ့ ဈာပနပွဲအတွင်း ထွက်ပြေးလွတ်မြောက်နေတဲ့ ဝရမ်းပြေး ၄၂ ဦးကို ဖမ်းဆီးရမိတယ်လို့ ချန်နယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ဘုရင်ကြီးဈာပနအခမ်းအနားထဲ ဝင်ရောက်လာမယ့်သူတွေ အားလုံးဟာ စစ်ဆေးရေးဂိတ်မှာ  ဦးစွာ စစ်ဆေးခံကြရပြီး အမျိုးသားမှတ်ပုံတွေပါ ပြသခဲ့ရပါတယ်။ အမျိုးသားမှတ်ပုံတင်နံပါတ်တွေ စစ်လိုက်တာနဲ့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က အလိုရှိကြောင်း ထုတ်ပြန်ထားသူတွေရဲ့ အမည်စာရင်း လင့်ခ်မှာ ချိတ်ဆက်ပေါ်လာတာကြောင့် အဲဒီဝရမ်းပြေးတွေကို ဖမ်းမိခဲ့တာလို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒု-ရဲချုပ် ဆီဝရား ရန်းဆစ်ရာမနကွန်းက သတင်းထောက်တွေကို ပြောပါတယ်။ အဲဒီဝရမ်းပြေး ၄၂ ဦးမှာ ရာဇဝတ်မှု ကျူးလွန်သူတွေ၊ ထိုင်းနိုင်ငံရဲ့ လုံခြုံရေး ထိပါးအောင် ပြုမူခဲ့သူတွေ ပါဝင်ပြီး သူတို့တတွေဟာ အချုပ်ထဲထည့်ထားရမယ့်ရက်တွေ လွန်နေပြီဖြစ်လို့ သက်ဆိုင်ရာ တရားရုံးတွေကို လွှဲပြောင်းပေးလိုက်ပြီလို့ ဒု-ရဲချုပ်က ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က မီးသင်္ဂြိုဟ်ခဲ့တဲ့ ဘုရင်ကြီးရဲ့ ဈာပနမှာ ဆနမ်လုံကို လာရောက်ပို့ဆောင်နှုတ်ဆက်သူပေါင်း  ၂ သိန်း ၃ သောင်းခန့်ရှိပြီး ဘုရင်ကြီးရဲ့ လောင်တိုက်ဗိမာန်ကိုလည်း ပြတိုက်အနေနဲ့ နိုဝင်ဘာ ၁ ရက်ကနေ ၃၀ ရက်နေ့ထိ တလတာ အများပြည်သူ ဝင်ရောက်လေ့လာဖို့ ဖွင့်လှစ်ထားရှိမှာဖြစ်ပါတယ်။ လောင်တိုက်ဗိမာန် လာရောက်ကြည့်ရှုသူတွေအနေနဲ့  သပ်ယပ်စွာ ဝတ်စားဆင်ယင်လာရမှာဖြစ်ပြီး ဈာပနအခမ်းအနားထဲ ဝင်လာတဲ့အတိုင်း စစ်ဆေးရေးဂိတ်တွေ ဖြတ်ကျော်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up